ချိတ်-The Hook: post #181 — TG.ME

Letter of Recommendation ဘယ်လိုတောင်းမလဲ။ 📧✒️❔ US ကျောင်းတွေဟာ ကျောင်းသားတွေကို ဝင်ခွင့်ပေး မပေးဆုံးဖြတ်ကြရာမှာ Academic Achievement တစ်ခုတည်းကို ကြည့်တာမဟုတ်ဘဲ Holistic Review ဆိုတဲ့ ကျောင်းလျှောက်သူတွေရဲ့ ဘက်ပေါင်းစုံကို ခြုံငုံစဉ်းစားလေ့ရှိပါတယ်။ ဒါကြောင့်မို့ US ကျောင်းတွေလျှောက်တဲ့အခါ Academic ပိုင်းအပြင် Extracurricular Activities၊ Personal Statements၊ Letter of Recommendation စတဲ့ Document တွေကိုလည်း ပေးပို့ရပါတယ်။ ဒီထဲမှာမှ “Recommendation Letter” ဟာ ကျောင်းသားတွေကိုယ်တိုင်မရေးရဘဲ အခြားသူတစ်ယောက်ကို ရေးသားခိုင်းရတဲ့ တစ်ခုတည်းသော ထူးထူးခြားခြား စာတစ်စောင်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ရှု့ထောင့်ကနေ ရေးထားတာမဟုတ်ဘဲ အခြားသူတစ်ယောက်ကနေ ရေးထားတာဖြစ်လို့ Letter of Reommendation ဟာ ကျောင်းသားတွေရဲ့ စာရိတ္တ၊ အပြုအမှု၊ စိတ်နေစိတ်ထားကို အကောင်းဆုံးဖော်ပြပေးနိုင်တဲ့ စာတစ်စောင်ဖြစ်တယ်ဆိုပြီး တက္ကသိုလ်တွေက ယူဆကြပါတယ်။ ဒါ့အပြင် Letter of Recommendation ကနေ ကျောင်းသားတွေလုပ်ခဲ့တဲ့ Extracurriculum Activities တွေ၊ Social Activities တွေကိုလည်း ဖော်ပြပေးနိုင်ပါတယ်။ ဒါကြောင့်မို့ Letter of Recommendation ဟာ ကျောင်းလျှောက်ရာမှာ အရေးပါအရာ‌ရောက်စေတဲ့ စာတစ်စောင်ဖြစ်ပြီး (အကယ်၍ Recommendation Letter ကောင်းကောင်းသာ တင်ပြနိုင်မယ်ဆိုရင်) Financial Aid အမြောက်အမြားကိုပါ ရရှိစေမှာပါ။ ဘယ်သူ့တွေဆီက Letter of Recommendation တောင်းကြမလဲ။ ❔👥 Letter of Recommendation ကို “ဘယ်သူ့ဆီကနေ တောင်းခံရမယ်” ဆိုပြီး ကန့်သတ်ထားတာ မရှိပေမဲ့ Letter ကိုရေးပေးတဲ့ သူအပေါ်မူတည်ပြီး တက္ကသိုလ်တွေဘက်ကနေ ကျောင်းသားအပေါ်ထားရှိတဲ့ Impression ကွာနိုင်တာကြောင့် Recommendation Letter အတွက် Right Person ကိုရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ ပုံမှန်အားဖြင့် ကိုယ့်ကို သင်္ချာ၊ အင်္ဂလိပ်၊ သိပ္ပံ၊ Social Studies စတဲ့ ဘာသာရပ်ကြီးတွေသင်ကြားပေးဖူးတဲ့ ဆရာ၊ဆရာမတွေဆီကနေ Recommendation Letter တောင်းခံနိုင်ပါတယ်။ အဓိကကတော့ ကိုယ့်အကြောင်း တကယ်သိပြီး၊ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်ရှိတဲ့ ဆရာ၊ဆရာမတွေကို တောင်းတာက အကောင်းဆုံးဖြစ်ပါတယ်။ Counselor တွေကတော့ Grade 11 ကိုသင်ကြားပေးခဲ့တဲ့ ဆရာတွေဆီကနေ တောင်းဖို့ အကြံပေးထားပါတယ်။ *တစ်ချို့တက္ကသိုလ်တွေက ကိုယ်ယူမယ့် မေဂျာအပေါ်မူတည်ပြီး ဘယ်ဘာသာရပ်ကို သင်ကြားပေးတဲ့ ဆရာတွေကနေ တောင်းခံရမယ်ဆိုပြီ Requirement တစ်ခုအနေနဲ့ တောင်းလေ့ရှိလို့ ကိုယ်လျှောက်မယ့်တက္ကသိုလ်ရဲ့ ဝက်ဆိုက်ကို အရင်ဆုံးလေ့လာသင့်ပါတယ်။ ဥပမာဆိုရင်- MIT ကနေပြီး Science Teacher ဆီက တစ်စောင်၊ Humanities Teacher ဆီက တစ်စောင် တောင်းဖို့လိုအပ်တာမျိုး ရှိတတ်ပါတယ်။ အကယ်၍ ဘယ်ဆရာဆရာမကိုမှ မသိဘူး။ မရင်းနှီးနေဘူးဆိုရင်ကော။ 🫥🫂 Letter of Recommendation ရဲ့အသက်ဟာ ကိုယ်မဟုတ်တဲ့ သူတစ်ယောက်ကနေ ကိုယ့်အကြောင်းကို ကောင်းကောင်းဖော်ပြပေးဖို့ ဖြစ်တာကြောင့် Letter ‌ရေးပေးမယ့်သူဟာ ကိုယ်နဲ့ “ရင်းနှီးနေဖို့” လိုအပ်ပါတယ်။ ဒါကြောင့် Letter ရေးပေးနိုင်မယ့် ဆရာ၊ ဆရာမတွေနဲ့ အချင်းချင်းသိကျွမ်းအောင် ကျောင်းသားတွေဘက်ကနေ အားထုတ်သင့်ပါတယ်။ ဥပမာအားဖြင့် စာသင်ချိန်တွင်းမှာ ကိုယ့်ကိုသတိထားမိအောင် စာမေးတာ၊ စာသင်ချိန်ပြင်ပမှာလည်း တရင်းတနှီးစကားပြောတာ၊ Social Media Account တွေမှာ Follow လုပ်တာ၊ ကိုယ့်ရဲ့ပြဿနာတွေကို ရင်ဖွင့်ပြောဆိုတာ စတာတွေကို လုပ်ဆောင်ပြီး ဆရာ-တပည့် ရင်းနှီးအောင် ပြုလုပ်လို့ရပါတယ်။ အဲ့ကနေတစ်ဆင့် ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ဆရာတွေဘက်ကနေ သိလာမှာဖြစ်ပြီး၊ ကိုယ့်အတွက် အကောင်းဆုံး Recommendation Letter ကိုရေးပေးနိုင်မှာဖြစ်ပါတယ်။ မြန်မာကျောင်း ဆယ်တန်းနဲ့ လျှောက်ထားမယ့်သူတွေအနေနဲ့ကတော့ အကယ်၍ လက်ရှိအချိန်မှာ အစိုးရကျောင်းဘက်ကို ဆက်သွယ်ရတာ ခက်ခဲနိုင်ပါတယ်။ ဒီလိုအခြေအနေမှာဆိုရင် ကိုယ့်ကို ဘာသာရပ်သင်ကြားဖူးပြီး ခင်မင်ရင်းနှီးတဲ့ ဆရာ၊ ဆရာမ တစ်ယောက်ယောက်ကို ချဉ်းကပ်သင့်ပါတယ်။ အကယ်၍ ဆရာ၊ဆရာမ အနေနဲ့ နည်းပညာနဲ့ အကျွမ်းတ၀င်မရှိတာမျိုး၊ Common App ကနေ ဘယ်လို Submit လုပ်ပေးရမှန်းမသိတာမျိုးဆိုရင်တော့ မိမိအနေနဲ့ အချိန်ကြိုတင်ယူပြီး Assist လုပ်ပြီး သေချာလေး ရှင်းပြထားစေချင်ပါတယ်။ အင်္ဂလိပ်လို ရေးပြီးတင်ဖို့ရာ ဘာသာစကား အခက်အခဲရှိတဲ့ ဆရာ၊ဆရာမ ဖြစ်နေတယ်ဆိုရင်လည်း မိမိဘက်က ဘာသာပြန်ဖို့အတွက် အင်္ဂလိပ်ဆရာမ တစ်ယောက်ယောက်ကို အကူအညီတောင်းတာမျိုး နည်းလမ်းတွေကို ကြိုတင်စဉ်းစားထားစေချင်ပါတယ်။ ဘယ်ချိန်စတောင်းသင့်လဲ။ ⏳ Recommendation Letter ကို စောစောစတောင်းနိုင်လေ ကောင်းလေဖြစ်ပါတယ်။ မတောင်းရသေးဘူးဆိုရင် August လမှာ College Application တွေစဖွင့်တော့မှာမို့ Recommendation Letter အတွက် စပြီးလုပ်သင့်ပါပြီ။ ဆရာတွေဟာလည်း သူ့အလုပ်နဲ့သူရှိတာဖြစ်လို့ Letter ရေးဖို့ အနည်းဆုံး (၂)ပတ်ခန့် အချိန်ပေးသင့်ပါတယ်။ အရေးကြီးပြီ။ တောင်းမယ့် Recommender တွေကို ဘယ်လို ချဉ်းကပ်ရမလဲ🗣️❔

August 9, 2024 321 4