ချိတ်-The Hook: post #178 — TG.ME

🔎 Demonstrated Interest အကြောင်း တစ်စေ့တစ်စောင်း 𝐖𝐡𝐚𝐭 𝐢𝐬 𝐃𝐞𝐦𝐨𝐧𝐬𝐭𝐫𝐚𝐭𝐞𝐝 𝐈𝐧𝐭𝐞𝐫𝐞𝐬𝐭? ပထမဦးဆုံး Demonstrated Interest ဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းနဲ့ အစပြုရမယ်ဆိုရင် US က ကျောင်းတွေက ကျောင်းသားတစ်ယောက်ကို ကျောင်းဝင်ခွင့် ပေး၊ မပေးဆိုတာကို စဉ်းစားဆုံးဖြတ်ကြတဲ့အခါမှာ Factors အများကြီးကို ထည့်သွင်းစဉ်းစားတဲ့ Holistic Admissions ကို ကျင့်သုံးကြပါတယ်။ အဲ့ဒီ Factor တွေထဲက တစ်ခုအပါအဝင်ပဲဖြစ်တဲ့ Demonstrated Interest ကတော့ ကိုယ်က ကျောင်းတစ်ကျောင်းကို လျှောက်တဲ့အခါ အဲ့ဒီကျောင်းအပေါ်မှာ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှု ဘယ်လောက်ရှိသလဲဆိုတာကို ထည့်သွင်းစဉ်းစားတဲ့အချက်လို့ ဆိုရပါမယ်။ သို့ပေမယ့် ဒီအချက်ကတော့ တခြား Factor တွေဖြစ်တဲ့ Academics, Extracurriculars, and Essays တွေနဲ့ယှဉ်ရင် အရမ်းအရေးမကြီးတာကိုလည်း သတိပြုရပါမယ်။ ကိုယ်က အပေါ်မှာပြောခဲ့တဲ့ Factor တွေဖြစ်တဲ့ Academic တို့ ဘာတို့မှာ Strong မဖြစ်ဘဲ Demonstrated Interest တစ်ချက်နဲ့တင် ကျောင်းဝင်ခွင့်ရဖို့ မဖြစ်နိုင်ဘူးဆိုတာ ပြောပါရစေ။ ဟင်.. Demonstrated Interest က အရေးမကြီးဘူးဆိုရင် ဒါကိုဘာလို့ ထည့်သွင်းစဉ်းစားနေဦးမလဲ၊ ကျောင်းတွေကလည်း ဘာလို့ ဒီအချက်ကို ဆက်ပြီး ကျင့်သုံးနေသေးသလဲ..။ 𝐖𝐡𝐲 𝐝𝐨 𝐭𝐡𝐞𝐬𝐞 𝐬𝐜𝐡𝐨𝐨𝐥𝐬 𝐚𝐥𝐬𝐨 𝐜𝐨𝐧𝐬𝐢𝐝𝐞𝐫 “𝐃𝐞𝐦𝐨𝐧𝐬𝐭𝐫𝐚𝐭𝐞𝐝 𝐈𝐧𝐭𝐞𝐫𝐞𝐬𝐭” 𝐟𝐚𝐜𝐭𝐨𝐫? ဘာလို့လဲဆိုရင် ကျောင်းတွေက Admissions လက်ခံတဲ့အချိန် ကျောင်းသားတွေ ရာချီထောင်ချီ လျှောက်ကြတဲ့အခါမှာ ဘယ်ကျောင်းသားတွေကို ဝင်ခွင့်ပေးသင့်တယ်၊ မပေးသင့်ဘူးဆုံးဖြတ်တဲ့အခါ အကြပ်ရိုက်စရာ အခြေအနေမျိုးတွေ့ခဲ့ရင် Demonstrated Interest ကို ထည့်သွင်းစဉ်းစားဖို့ပဲဖြစ်ပါတယ်။ ဘယ်လို အကြပ်ရိုက်စရာကိစ္စမျိုးလဲဆိုရင် ဥပမာ ကျောင်းသား 5 ယောက်ရဲ့ Application ကို Review လုပ်တဲ့အခါ အဲ့ဒီကျောင်းသား 5 ယောက်စလုံးက အရေးကြီးတဲ့ Factor တွေလို့ ယူဆထားတဲ့ Academics, Extracurriculars နဲ့ Essays တွေမှာ အရည်အချင်းက အတူတူနီးပါးဖြစ်လာတဲ့အခါမှာ ကျောင်းတွေက ဒါကို နောက်ဆုံးဝှက်ဖဲအနေနဲ့ ထုတ်သုံးတတ်ကြပါတယ်။ ဆိုတော့ အားလုံးက အရည်အချင်းအတူတူ ဖြစ်သော်ငြားလည်း ကိုယ်လျှောက်တဲ့ကျောင်းနဲ့ ပတ်သက်ပြီး ဘယ်လောက စိတ်ဝင်စားမှုရှိလဲ၊ စိတ်အားထက်သန်သလဲဆိုတဲ့ အကြောင်းကို မျက်ဝါးထင်ထင်ပြထားတဲ့ ကျောင်းသားကို ရွေးချယ်ဖို့ ရာခိုင်နှုန်းက ကျိန်းသေပေါက် ပိုများမှာပဲဖြစ်ပါတယ်။ ဒီနေရာမှာ သတိချပ်စရာတစ်ခုကတော့ ကိုယ်က ဘယ်လောက်ပဲ ရည်သန်မှုရှိရှိ ကျောင်းတွေက သူတို့သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေ (Academics, Extracurriculars,...) နဲ့ ကိုက်ညီမှုမရှိရင်လည်း ကျောင်းဝင်ခွင့်ပယ်ချခံရနိုင်သလို ကိုယ်က သူတို့ Standard ထက် အရမ်းတော်နေ၊ ပိုထက်မြက်နေပေမယ့်လည်း ခုနကပြောပြခဲ့သလို အခြေအနေမျိုးနဲ့ကြုံလာတဲ့အခါမှာ ကိုယ့်အနေနဲ့ Demonstrated Interest ကို Showcase မလုပ်ထားရင်လည်းပဲ Reject ခံရဖို့ အလားအလာရှိပါတယ်။ အကျဉ်းချုပ်ပြောရရင်တော့ ကိုယ့်ဘက်ကနေ လစ်ဟင်းမှုမရှိဘဲ အကုန်လုံးကို အဘက်ဘက်ကနေ ဖြည့်ထားဖို့တော့ လိုတာပေါ့နော် ။👩🏻‍🎓 𝐖𝐚𝐲𝐬 𝐭𝐨 𝐬𝐡𝐨𝐰𝐜𝐚𝐬𝐞 𝐲𝐨𝐮𝐫 𝐈𝐧𝐭𝐞𝐫𝐞𝐬𝐭 ဘယ်လိုနည်းတွေနဲ့ ကျောင်းတွေကို ကိုယ့်ရဲ့ Interest ကို သိအောင် ချပြရမလဲဆိုရင် - ⭐ ပထမဆုံးနဲ့ အရေးအကြီးဆုံးအချက်ကတော့ ကျောင်းလျှောက်တဲ့အခါမှာ Early Decision (ED) နဲ့ လျှောက်တာပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် ED လျှောက်တဲ့အခါ ကျောင်းဝင်ခွင့်ရခဲ့တယ်ဆိုရင် အဲ့ဒီကျောင်းကိုပဲ တက်ပါမယ်ဆိုတဲ့ ခံဝန်ချက်နဲ့ Bond ထိုးပေးရတာမလို့ ဒီနည်းလမ်းက သူတို့ကျောင်းကို တကယ်တက်ချင်ပါတယ်ဆိုတဲ့ သဘောကို သက်ရောက်နေပါတယ်။ ဒါ့အပြင် ကျောင်းသားတွေအနေနဲ့ Early Decision အတွက် အမေရိကမှာ ကျောင်းတွေ မရေမတွက်နိုင်အောင် ရှိတဲ့ထဲမှာမှ ကျောင်းတစ်ကျောင်းကိုသာ ရွေးချယ်ပြီး လျှောက်ရတာဖြစ်လို့ ဥပမာ ကိုယ်က ED အတွက် Yale ကို ရွေးလိုက်မယ်ဆိုရင် ဒီကျောင်းက ကိုယ့်ရဲ့ဦးစားပေး Top Choice ဖြစ်တဲ့ကျောင်းဆိုတာကိုလည်း တိုက်ရိုက်ပြောပြရာရောက်ပါတယ်။ ကျောင်းတွေက ဘာလို့ သူတို့ကျောင်းတွေကို Early Decision အနေနဲ့ ရွေးချယ်ပြီး လျှောက်ကြတဲ့ ကျောင်းသားတွေကို ပိုပြီး Prefer ဖြစ်ကြလဲဆိုရင် ကျောင်းတက်ကို တက်ပါမယ်ဆိုတဲ့ ခံဝန်ချက်ပါပြီးသားဖြစ်တဲ့အတွက် သူတို့ကျောင်းရဲ့ “Yield Rate” ကိုမြှင့်တင်ရလဲရောက်လို့ပါ။ ဒီနေရာမှာ “Yield Rate” ဆိုတာကို ဥပမာပေးရရင်တော့ ကျောင်းတွေကနေ ဝင်ခွင့်ရတဲ့ ကျောင်းသားတွေကို Acceptance Letter Offer တဲ့အခါမှာ ကျောင်းသားတွေဘက်ကနေပြီး အဲ့တာကို ပြန် Accept လုပ်ပြီး ဒီကျောင်းမှာပဲတက်ပါမယ်ဆိုတဲ့ Decision ကိုချတဲ့နှုန်း ဒါမှမဟုတ်ရင် ကျောင်းသားအရေအတွက်လို့ ပြောရပါတယ်။ ဒါကြောင့် “Yield Rate” က တခြားကျောင်းတွေနဲ့ ယှဉ်တဲ့အခါ သူတို့ကျောင်းရဲ့ Ranking နဲ့ Reputation ကို Affect ဖြစ်တာမလို့ ED နဲ့လျှောက်တဲ့ကျောင်းသားတွေကို ပိုစဉ်းစားပေးတာဖြစ်ပါတယ်။

August 9, 2024 432 1