The Whisper Man (20/26) 📱IMDb Rating ___6.2/10, Rotten ___46%… — Movie Channel (ရသစုံ) — TG.ME

The Whisper Man (20/26)


📱IMDb Rating ___6.2/10, Rotten ___46%

ဒီဇာတ်ကားကတော့ Crime Mystery, Psychological Thriller နဲ့ Drama အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။

စာရေးဆရာ Alex North ရဲ့ နာမည်ကျော် အရောင်းရဆုံး ဝတ္ထုကို အခြေခံပြီး ဒါရိုက်တာ James Ashcroft က ရိုက်ကူးထားကာ Russo Brothers တို့ရဲ့ AGBO ကုမ္ပဏီက ထုတ်လုပ်ပြီး Netflix ကနေ ဖြန့်ချိတာပါ။

သရုပ်ဆောင်တွေအဖြစ် အော်စကာဆုရှင် မင်းသားကြီး Robert De Niro, Adam Scott, Michelle Monaghan, Michael Keaton နဲ့ Hamish Linklater တို့လို ထိပ်တန်းသရုပ်ဆောင်တွေ အပြိုင်အဆိုင် ပါဝင်ထားကြပါတယ်။

ဇာတ်လမ်းကတော့ ...

ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် ၈ နှစ်အရွယ် သားလေး Jake နဲ့အတူ အစစအရာရာ အသစ်ကနေ ပြန်စဖို့ မြို့ငယ်လေးတစ်မြို့ဆီ ပြောင်းရွှေ့လာတဲ့ မှုခင်းဝတ္ထုရေးဆရာ Tom Kennedy ဆီကနေ စတာပါ။

ဒါပေမဲ့ အဲဒီမြို့လေးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ကလေးတွေကို ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့တဲ့ "The Whisper Man" (တီးတိုးလူ) ကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ နေရာဖြစ်နေပါတယ်။

တစ်နေ့မှာတော့ ကလေးတွေကို အိမ်ပြတင်းပေါက်ကနေ တိုးတိုးလေး လေသံနဲ့ ခေါ်ဆောင်သွားတတ်တဲ့ နည်းလမ်းဟောင်းအတိုင်း ကလေးငယ်တွေ ထပ်မံပျောက်ဆုံးလာပြီး Tom ရဲ့ သားလေးပါ ပြန်ပေးဆွဲ ဖမ်းဆီးခံလိုက်ရပါတော့တယ်။

သားဖြစ်သူကို အသည်းအသန် ရှာဖွေကယ်တင်ဖို့အတွက် Tom ဟာ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်ပြီး စိမ်းကားနေခဲ့တဲ့ သူ့ရဲ့ ဖခင်ဟောင်းဆီ အကူအညီတောင်းခံဖို့ ရောက်သွားခဲ့ပါတယ်။ အဲဒီဖခင်ဟာ အရင်က မူလ Whisper Man လူသတ်သမားကို ကိုယ်တိုင် ဖမ်းဆီးထောင်ချခဲ့တဲ့ အငြိမ်းစား စုံထောက်ကြီး ဖြစ်နေပါတယ်။

အရင် လူသတ်သမား ထောင်ထဲမှာ ရှိနေဆဲအချိန်မှာ အတုခိုး သတ်ဖြတ်တဲ့ နောက်ထပ် လူသတ်သမားတစ်ယောက် ပေါ်လာတာလား ...?
ဒါမှမဟုတ် အရင်ကတည်းက ကြံရာပါ ရှိနေခဲ့တာလား.. ? ဆိုတဲ့ သံသယတွေနဲ့အတူ စုံထောက်မလေး Amanda Beck နဲ့ ပူးပေါင်းပြီး အတိတ်က နာကျင်စရာ ဒဏ်ရာတွေ၊ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရင်း ...

အချိန်မနှောင်းမီ ကလေးငယ်ကို အသက်ရှင်လျက် ပြန်လည်ကယ်ထုတ်ဖို့ အပြင်းအထန် ကြိုးစားရမယ့် သည်းထိတ်ရင်ဖို ရုပ်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

Copyright ကြောင့် အဆင့်ဆင့်လေး ခံထားရတာ နားလည်ပေးပါဗျ ....
👇👇👇


ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+yuBwJ8fnoCw0YzE1

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2404713197/4125
September 1, 2026 68