Centurion (20/10) 📱IMDb Rating___ 6.3/10 ,Rotten___ 59% ဇာတ်ကားဆို… — Movie Channel (ရသစုံ) — TG.ME

Centurion (20/10)


📱IMDb Rating___ 6.3/10 ,Rotten___ 59%

ဇာတ်ကားဆို သတ်မှ ဖြတ်မှ ကြမ်းတမ်းနေမှ ဆိုတဲ့လူတွေအတွက် အလွန်ကြမ်းသော အက်ရှင်အလန်းစားများနဲ့ နင်းကန်သတ်ဖြတ်နေတဲ့ ဇာတ်လမ်းကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။

စစ်ပွဲသမိုင်းတွေမှာ နာမည်ကြီးပေ့ဆိုတဲ့ ရောမစစ်သားတွေနဲ့ တိုက်ရည်ခိုက်ရည်ပြည့်စုံတဲ့ လူမျိုးစုတစ်စုအကြား ပဋိပက္ခစစ်ပွဲတွေအကြောင်း ရိုက်ကူးထားတာပါ။

ဇာတ်လမ်းအကျဥ်းကတော့ ...

ရောမစစ်သမိုင်းမှာ နာမည်ကြီးကြမ်းတမ်းတဲ့ Ninth Legion ဆိုတဲ့ တပ်ဖွဲ့တစ်ဖွဲ့ရှိတယ် ...

အားရင် လူသတ်မယ်… အရက်သောက်ရင်း ပျင်းလာရင် လူရိုက်မယ်ဆိုတဲ့ အကြမ်းစားတပ်ဖွဲ့ကြီးတစ်ဖွဲ့ပေါ့။ ဒါပေမဲ့ နိုင်ငံတိုင်းလိုလိုမှာလည်း စစ်တပ်ကိုမုန်းတဲ့ ပြည်သူတွေဆိုတာ ရှိတာကိုး ...။

အဲ့ဒီထဲကမှ Picts လူမျိုးစုတစ်စုဟာ စစ်တပ်ကို သေလောက်အောင် မုန်းတီးနေသူတွေဖြစ်ပြီး တိုက်ရည်ခိုက်ရည်လည်း ကောင်းမွန်တာကြောင့် ရောမအကြီးအကဲတွေတောင် အကျပ်ရိုက် ကြောက်လန့်လာရပါတယ်။

အဲ့ဒီအချိန်မှာ ကြမ်းပေ့ဆိုတဲ့ Ninth Legion တပ်ဖွဲ့ကြီးကို ဖိတ်ခေါ်ပြီး အဆိုပါလူမျိုးစုတွေကို သွားရောက်နှိမ်နင်းခိုင်းတဲ့အခါမှာတော့ ရောမစစ်တပ်နဲ့ Picts လူမျိုးစုတွေ တွေ့ကြပါတော့တယ်။

ဒီဇာတ်လမ်းရဲ့ 90% လောက်က သတ်နေဖြတ်နေတာပါ။
တိုက်ပွဲထဲမှာ ခေါင်းမှီရင် ခေါင်းကိုခုတ် လက်မှီရင် လက်ကိုခုတ် ဆိုတာမျိုးတွေ အပြည့်နဲ့ တကယ့်ရှေးခေတ်စစ်ပွဲတစ်ပွဲကို ပုံဖော်ထားတာကြောင့် ....

လုံးဝလက်မလွှတ်ဘဲ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။

Copyright ကြောင့် အဆင့်ဆင့်လေး ခံထားရတာ နားလည်ပေးပါဗျ ....
👇👇👇


ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ


➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+yuBwJ8fnoCw0YzE1

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2404713197/4120
August 28, 2026 1K