ကတ္တီပါခင်းတဲ့ တော်၀င်လမ်း The Road To Splendor / 花开锦绣 (2026) 🍁… — တရုတ်စီးရီး 🦋 Review 🦋 — TG.ME

💐 ကတ္တီပါခင်းတဲ့ တော်၀င်လမ်း
The Road To Splendor / 花开锦绣 (2026)
🍁

ဒီတစ်ခါ စာရေးဆရာမ Zhi Zhi (吱吱) ရဲ့ နာမည်ကြီးဝတ္ထုကို ဒါရိုက်တာ Deng Ke က ပြန်လည်ရိုက်ကူးထားပြီး Melody of Golden Age ထဲက တိုင်းသိပြည်သိ မင်းသားချောလေး Ding Yuxi နဲ့ အလှပဂေးမင်းသမီးငယ်လေး Deng Enxi တို ဒုတိယအကြိမ်မြောက် လက်တွဲရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲသစ်ကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော် ✍️

ဇာတ်လမ်းအကျဉ်း 📝

သစ္စာတရားကိုသာ ရှေ့တန်းတင်တတ်ပြီး သတ္တိရှိတဲ့ ဆားမှောင်ခိုကုန်သည်လေး Zhao Ling ဟာ သာမန် ဆင်းရဲသား အသိုင်းအဝိုင်းက ဆင်းသက်လာသူဖြစ်ပေမဲ့ ကြီးမားတဲ့ ရည်မှန်းချက်ရှိသူပါ

တစ်နေ့မှာတော့ သူတစ်ပါးရဲ့အကွက်ချစွပ်စွဲတာကို ခံလိုက်ရတဲ့ မြင့်မြတ်တဲ့ အထက်တန်းစား အမျိုးသမီးငယ် Fu Tingyun နဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ပြီး အတူတူ ထွက်ပြေးလွတ်မြောက်ခဲ့ရပါတော့တယ်

ဒီလိုနဲ့ ကံကြမ္မာအလိုကျ တွေ့ဆုံခဲ့ရတဲ့ သူတိုနှစ်ဦးဟာ မိသားစုနဲ့ နန်းတွင်း အာဏာလုပွဲ စိန်ခေါ်မှုတွေကို အတူတူ ရင်ဆိုင်ရင်း ကံကြမ္မာရဲ့ ဖိနှိပ်မှုတွေကို ကြံ့ကြံ့ခံ တိုက်ခိုက်ကြရင်း အောင်မြင်မှုနဲ့အတူ

ဘယ်လို သမိုင်း၀င်ချစ်ခြင်းမေတ္တာကို ပုံဖော်ရေးခြယ်သွားမလဲ ..... 🍁
❤15
August 9, 2026 3.3K 4