အကြင်နာလေယာဉ် သက်ဆင်းစေ Blossom Through The Cloud / 飞到我心上 (2026) ✈️🤍… — တရုတ်စီးရီး 🦋 Review 🦋 — TG.ME

အကြင်နာလေယာဉ် သက်ဆင်းစေ
Blossom Through The Cloud / 飞到我心上 (2026) ✈️🤍


"ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေပြီမို့ မင်းလေး ကိုယ့်ရဲ့ နှလုံးသားပေါ် ပျံသန်းသက်ဆင်းလာမဲ့အချိန်ကိုပဲ စောင့်နေခဲ့တော့တာပါ"🤍


ကဲ ဒီတစ်ခါ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ စာရေးဆရာမ Qiao Yao  ရဲ့ နာမည်ကြီး အချစ်ဝတ္ထု 降落我心上 ကို ဒါရိုက်တာ Zheng Shilong က ဖန်တီးရိုက်ကူးလိုက်ပါပြီ

နာမည်ကြီး ဇာတ်လမ်းတွဲ Unforgettable Love နဲ့ပရိတ်သတ်အချစ်ကိုသိမ်းပိုက်ထားပြီး နှစ်တွေကြာလေနုလာလေမို့ ကိုကြာနုလို့ ခေါ်တွင်ထားတဲ့ မင်းသားချော Wei Zheming နဲ့  The Double, Perfect Match တို့လို နာမည်ကြီးဇာတ်လမ်းတွေထဲက ငေးမောကြည့်ရတဲ့ထိလှတဲ့ အလှလေး Liu Xining တို့ အဓိက ပါဝင်ရိုက်ကူးထားတာဆိုတော့ ရှယ်ကို ဇွန်းတပ်ပဲပေါ့ 🤩

ဇာတ်လမ်းအကျဉ်း 📝

Ruan Sixian ဟာ လေယာဉ်မှူး ဖြစ်လိုတဲ့ အိပ်မက်ကြီးကို ရင်ဘတ်ထဲ ပိုက်ထွေးထားသည့် လေယာဉ်မယ်တစ်ဦး ဖြစ်သော်လည်း Hengshi လေကြောင်းလိုင်းမှ လေယာဉ်မှူး သင်တန်းအစီအစဉ်ကို ရုတ်တရက် ဖျက်သိမ်းလိုက်သည့်အတွက် အခက်တွေ့ခဲ့ရပါတယ်

အဲဒီအပြင် လေကြောင်းလိုင်းရဲ့ ဒုဥက္ကဋ္ဌ Fu Mingyu နဲ့ပါ နားလည်မှုများ လွဲမှားခဲ့တာမို့ ရဲရင့်စွာ အလုပ်မှ နှုတ်ထွက်ခဲ့ပြီး လေကြောင်းသင်တန်းကျောင်းသို့ သွားရောက် သင်ယူခဲ့ပါတော့တယ်

ဒီလိုနဲ့ သုံးနှစ်အကြာမှာ Ruan Sixian ဟာ လေကြောင်းသင်တန်းကျောင်းမှ ပထမဆုနဲ့ အောင်မြင်စွာ ဘွဲ့ရရှိခဲ့ပြီး လေကြောင်းလိုင်း အသီးသီးမှ လိုချင်နေကြတဲ့ ထက်မြက်တဲ့လေယာဉ်မှူး ဖြစ်လာခဲ့ပါတယ်

Fu Mingyu ဟာ လေယာဉ်သစ်များ မိတ်ဆက်ရန်အတွက် သင်တန်းကျောင်းသို့ ကိုယ်တိုင် သွားရောက်ခဲ့ပြီး အတိတ်က မာနများကို စွန့်လွှတ်ကာ Ruan Sixian ကို မိမိကုမ္ပဏီထံ ပြန်လည် ဖိတ်ခေါ်ခဲ့ရတော့တာပေါ့

အဆင်မြင့်မြင့် ပြန်လည်ရောက်ရှိလာတဲ့ Ruan Sixian ဟာ တင်းကြပ်လှတဲ့ စစ်ဆေးမှုတွေ ရုတ်တရက် မတော်တဆမှုတွေနှင့် ရွှေ့ဆိုင်းခံရမှုများကို ကြုံတွေ့ခဲ့ရသလို Fu Mingyu ကလည်း ကုမ္ပဏီ ပြုပြင်ပြောင်းလဲရေးအတွက် စိန်ခေါ်မှုများ ရင်ဆိုင်ခဲ့ရပါတယ်

ဒါပေမဲ့ နှစ်ဦးသား အခက်အခဲတွေကြားထဲမှာပဲ အပြန်အလှန် ဖေးမကူညီရင်းမှ အချစ်စစ်ကို ရှာဖွေတွေ့ရှိလာတဲ့အခါ.......

တစ်ယောက်ရဲ့နှလုံးသားထဲကို တစ်ယောက်က ဘယ်လို ဘေးကင်းစွာ သက်ဆင်းသွားကြမလဲဆိုတာ.....

ကဲ SoulKingdom မှာ အတူပျံသန်းလိုက်ကြရအောင်

Native Title : 飞到我心上
English Title : Blossom Through The Cloud
Director : Zheng Shilong
Starring : Wei Zheming , Liu Xining , Fei Qiming
Episode : 24
Airs : 31 August, 2026
Genre : Romance / Metropolitan / Workplace / Drama
Original Network : Mango TV / Hunan TV

#SoulKingdom
#Review
#飞到我心上
#BlossomThroughTheCloud
#klSnn
❤1
August 31, 2026 116 1