Mystic Nine (2026) မာယာမျှော်စင်မှ အချိန်လွန်ထောင်ချောက်… — တရုတ်စီးရီး 🦋 Review 🦋 — TG.ME

Mystic Nine (2026)
မာယာမျှော်စင်မှ အချိန်လွန်ထောင်ချောက်

သာ့ကျားတို့အတွက် ယူဆောင်လာတဲ့ကားသစ်လေးကတော့ ကြည့်ရင်းကလိကလိဖြစ်ရမဲ့ ဘရိုမန့်စ်ဇာတ်အိမ်လေးပါ။ ဘရိုမန့်စ်ဇာတ်အိမ်ဖြစ်သလို Tomb Raiders Universe ထဲက ဇာတ်လမ်းမို့ ဘရိုမန့်စ်ငတ်နေတဲ့သာ့ကျားတို့အတွက် မဟာသတင်းကောင်းကြီးပါပဲနော်။

ဒီကားမှာ ခပ်မိုက်မိုက်ရှောင်ကောကောတို့က အဓိကပါဝင်ထားပါတယ်။ ခပ်မိုက်မိုက်ရှောင်ကောကောဆိုလို့ အသစ်လေးတွေလားလို့လဲ မထင်ကြနဲ့အုံး။ အဟောင်းပေမဲ့ အကောင်းတကာ့အကောင်းတွေဖြစ်နေဆဲဖြစ်တဲ့ ဘဲကြီး William Chan နဲ့ ကိုကို Joseph Zeng တို့က ကမ်မီရော ရူပမိမိပါ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းအညွှန်း >>>

ကျန်းမိသားစုရဲ့အမှတ် (၄၀၁) တပ်ဖွဲ့တစ်ခုလုံးဟာ မေးခွန်းထုတ်စရာပဟေဠိဆန်းကြီးအဖြစ် အစအနမရှိပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီလို ပျောက်ဆုံးသွားတဲ့တပ်ဖွဲ့ကို လိုက်လံရှာဖွေဖို့အတွက် ကျန်းချီရှန်းဟာ ကိုးတံခါးအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဝူလောင်ကုန်း၊ ဟော့ရှန်းကု၊ ချီထျယ်ကျွေ့တို့နဲ့လက်တွဲပြီး လျှို့ဝှက်ဆန်းကြယ်လှတဲ့ ကမ္ဘာခြားမျှော်စင်ထဲကို ဝင်ရောက်ခဲ့ကြပါတယ်။

အဲဒီမျှော်စင်ကြီးရဲ့အတွင်းထဲမှာတော့ ထိမိတာနဲ့ အသက်ပျောက်နိုင်တဲ့ သေမင်းထောင်ချောက်တွေ၊ ကြောက်စရာကောင်းလှတဲ့ ဖြစ်ရပ်ဆန်းတွေနဲ့ ပုံမှန်မဟုတ်တဲ့အချိန်လေဟာနယ်တွေ လိမ်ဖိန်းဖရိုဖရဲဖြစ်နေတာကို သူတို့ ရင်ဆိုင်ခဲ့ကြရပါတယ်။ မုန်တိုင်းထန်လုဆဲဆဲအခြေအနေမှာ ကျန်းချီရှန်းတစ်ယောက် သွေးဆာနေတဲ့ တခြားအင်အားစုအဖွဲ့အစည်းပေါင်းများစွာနဲ့ပါ ထိပ်တိုက်ရင်ဆိုင်လိုက်ရတာမို့ ကိုးတံခါးအဖွဲ့ရဲ့ကံကြမ္မာဟာ ဘယ်လိုအလှည့်အပြောင်းတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ ရင်တလှပ်လှပ်အသဲတအေးအေးနဲ့ ခံစားရင်ခုန်စီးမြောရမှာပါနော်။

#MysticNine
❤16
July 30, 2026 3.4K 10