Tom and Jerry: Willy Wonka and the Chocolate Factory [2017] Review 📜… — ကာတွန်းအစုံ2 — TG.ME

Tom and Jerry: Willy Wonka and the Chocolate Factory  [2017]

Review 📜

Family/Adventure
IMDb : 5/10
RottenTomatoes : 42%


ဇာတ်လမ်းအသွားအလာကတော့ ရုပ်ရှင်အတိုင်း ဖြစ်ပြီး နာမည်ကျော် ဝန်ကာချောကလက်စက်ရုံက တစ်သက်စာ ချောကလက်တွေကိုရွှေလက်မှတ်ရှာတွေ့တဲ့ ကံထူးရှင် ငါးယောက်ကို ပေးသွားမယ်ဆိုတဲ့ ကြေညာချက်နဲ့ အတူရွှေလက်မှတ်တွေကို ချောကလက်ချောင်းထဲ ထည့်ပေး လိုက်တာကြောင့် ကလေးလူကြီးမရွေး ချောကလက်လုပွဲတစ်ခုဖြစ်သွားခဲ့ပါတယ်။

ရွှေလက်မှတ်ပိုင်ရှင်တွေထဲမှာ ချာလီလေးလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။တွမ်နဲ့ဂျယ်ရီတို့ကတော့ ချာလီလေးရဲ့ မိတ်ဆွေတွေပေါ့။အဲဒီလိုနဲ့ ချာလီတို့အဖွဲ့ ဝန်ကာရဲ့ချောကလက်စက်ရုံထဲကို အလည်အပတ်ရောက်သွားခဲ့ကြပါတယ်။

စက်ရုံထဲမှာ ဝန်ကာတီထွင်ထားတဲ့ ထူးဆန်းတဲ့သွားရည်စာတွေနဲ့အတူမထင်တားတဲ့ အန္တရာယ်တွေလည်း ရှိနေတာကို ချာလီတို့ သိလာခဲ့ပါတယ်။
❤1
September 6, 2026 538 5