Th*e Wi*ld Rob*ot (2/0/2/4) IMDB 8.5, Rotten Tomatoes 98% Review 📝… — ကာတွန်းအစုံ2 — TG.ME

Th*e Wi*ld Rob*ot (2/0/2/4)

IMDB 8.5, Rotten Tomatoes 98%

Review 📝

ဒီဇာတ်လမ်းကိုမိတ်ဆက်ရမယ်ဆို သင်္ဘောပျက်ပြီး ကျွန်းတစ်ကျွန်းပေါ် စက်ရုပ်တစ်ရုပ်က သောင်တင်လာပါတယ်။ သူက သတ္တဝါတွေကိုကူညီပေးတဲ့ အကူစက်ရုပ် ရိုဆန်ဖြစ်ပြီး သူ့ကိုပေးတဲ့တာဝန်တိုင်းကိုပြီးမြောက်အောင်ဆောင်ရွက်ပါတယ်။ အဲ…. ဒီလိုနဲ့သူ ကျွန်းပေါ်ကိုရုတ်တရက်ရောက်လာချိန် မတော်တဆ ဘဲငန်းအသိုက်ကိုဖျက်စီးမိပြီး ဘဲမကြီးရယ် ဥတွေရယ်ပျက်စီးသွားပါတယ်။ ကံကယ်ချင်တော့ ဘဲဥလေးတစ်လုံးကျန်ခဲ့ပြီး ဘဲလေးကအကောင်ပေါက်သွားပါတယ်။
ဘဲပေါက်လေးလည်း သူစစမြင်ချင်း စက်ရုပ်ရိုဆန်ကိုအမေလို့မှတ်ပြီး တကောက်ကောက်လိုက်ရာက ရိုဆန်လည်း အကူစက်ရုပ်ဖြစ်တဲ့အလျောက် ဘဲပေါက်ကိုပြုစုပေးရာကနေ ပရိုဂရမ်ထဲမှာတောင်မပါတဲ့ ခံစားချက်တွေ စိတ်ဓာတ်ပေါ်ပေါက်လာတဲ့အခါ မလိုလားအပ်တဲ့ ရန်သူတွေမဖိတ်ခေါ်ဘဲရောက်လာတဲ့အခါ…..  စက်ရုပ်နဲ့တိရိစ္ဆာန်ဘဲပေါက်တို့ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ မမြင်ရ၊ဖန်တီးလုပ်ယူလို့မရတဲ့ သံယောဇဉ်မေတ္တာတွေကိုခံစားရင်းကျိရမဲ့ကာတွန်းကားကောင်းလေးပါ
❤2
September 7, 2026 1.2K 4