ကုမ္ပဏီရဲ့ပိုက်ဆံက Founder ရဲ့ပိုက်ဆံ မဟုတ်ဘူး။ Engineer to… — BTech Tin Ko Ko — TG.ME

ကုမ္ပဏီရဲ့ပိုက်ဆံက Founder ရဲ့ပိုက်ဆံ မဟုတ်ဘူး။
Engineer to Entrepreneur | Episode #040

ကိုယ်ပိုင်လုပ်ငန်း စလုပ်ခါစမှာ
အထူးသဖြင့် လုပ်ငန်းသေးသေးလေးက စတဲ့အချိန်မှာ
ဒီနှစ်ခုကို ခွဲမြင်ဖို့ တော်တော်ခက်တတ်တယ်။

ကိုယ့်ပိုက်ဆံ။
ကုမ္ပဏီရဲ့ပိုက်ဆံ။
ကိုယ်ပဲ အရင်းထည့်ထားတာ။
ကိုယ်ပဲ တည်ထောင်ထားတာ။

ကိုယ်ပဲ ရှာထားတာဆိုတော့
Business Account ထဲမှာရှိတဲ့ငွေကို
ကိုယ့်ငွေလို့ ထင်မိဖို့ လွယ်တယ်။
ကျွန်တော်လည်း အစပိုင်းမှာ
ဒီလိုပဲ မြင်ခဲ့ဖူးတယ်။

ဥပမာ
ဒီလ Company ကနေ
သိန်း ၁၀၀ ဝင်လာတယ်ဆိုပါစို့။
Account ထဲမှာ သိန်း ၁၀၀ ရှိနေတာကို ကြည့်ပြီး
ဒီလ သိန်း ၁၀၀ ရတယ်
လို့ ထင်မိနိုင်တယ်။

ဒါပေမယ့်
အဲဒီ သိန်း ၁၀၀ အကုန်လုံးက
Founder ရဲ့ ဝင်ငွေမဟုတ်ဘူး။
ဝန်ထမ်းလစာ ပေးရဦးမယ်။
ရုံးခ ပေးရဦးမယ်။
Supplier ပေးစရာရှိနိုင်တယ်။
Project အတွက် ကုန်ကျစရိတ်ရှိမယ်။
အခွန်နဲ့ တခြားတာဝန်တွေ ရှိနိုင်တယ်။
နောက်လအတွက် Working Capital လည်း
ချန်ထားရဦးမယ်။

အဲဒါတွေအကုန် ဖယ်ပြီးမှ
Company အတွက် တကယ်ကျန်တဲ့
Profit ကို မြင်ရတာ။
ပြီးတော့
Company မှာ Profit ရှိတာနဲ့
Founder က အဲဒီ Profit
အကုန် ယူသုံးလို့ရပြီဆိုတာလည်း မဟုတ်သေးဘူး။

ဒီအချက်ကို နားမလည်ရင်
Business က ပိုက်ဆံဝင်နေတယ်။
Founder ကလည်း သုံးနေတယ်။
အပြင်ကကြည့်ရင် အဆင်ပြေနေတယ်။

ဒါပေမယ့်
တစ်နေ့ လုပ်ငန်းအတွက်
ငွေလိုတဲ့အချိန်ရောက်တော့
Account ထဲမှာ ငွေမကျန်တော့ဘူး။
အဲဒီလို ဖြစ်နိုင်တယ်။

အဲဒီကနေစပြီး
ကျွန်တော် ဒီနှစ်ခုကို
သီးခြားမြင်ဖို့ ကြိုးစားလာတယ်။
Business က Business။
Personal က Personal။

Company က ဝင်လာတဲ့ငွေကို
Founder က လိုသလိုထုတ်သုံးတဲ့
ပိုက်ဆံအိတ်တစ်လုံးလို မမြင်တော့ဘူး။

Founder ကိုယ်တိုင်တောင်
ကိုယ့်အတွက် ဘယ်လောက်ယူမလဲ။
Business ထဲမှာ ဘယ်လောက်ပြန်ထားမလဲ?
Growth အတွက် ဘယ်လောက်ပြန်ရင်းနှီးမလဲ?
Emergency အတွက် ဘယ်လောက်ချန်မလဲ?
စနစ်တကျ စဉ်းစားရတယ်။

တစ်ခါတလေ
Company Account ထဲမှာ
ပိုက်ဆံအများကြီး ရှိနေနိုင်တယ်။
ဒါပေမယ့်
အဲဒီပိုက်ဆံတွေမှာ အလုပ်ကိုယ်စီ
ရှိပြီးသား ဖြစ်နိုင်တယ်။
ဝန်ထမ်းတွေအတွက် ဖြစ်နိုင်တယ်။
Project အတွက် ဖြစ်နိုင်တယ်။
Expansion အတွက် ဖြစ်နိုင်တယ်။
အရေးပေါ်အခြေအနေအတွက် ဖြစ်နိုင်တယ်။

ဒါကြောင့်
Account Balance ကို ကြည့်ပြီး
ကိုယ်ချမ်းသာနေပြီလို့ ထင်လို့မရဘူး။
ဒီ Lesson က ကျွန်တော့်အတွက်
Finance အကြောင်းတစ်ခုတည်း မဟုတ်ဘူး။
Founder တစ်ယောက်ရဲ့ Discipline အကြောင်းပါ။

ကိုယ်ပိုင်တာဆိုပြီး
လိုသလိုလုပ်တာက Ownership မဟုတ်ဘူး။
ကိုယ်ပိုင်တာဖြစ်လို့ ပိုပြီးတာဝန်ယူတာကမှ
Ownership ပါ။

Engineer ဘဝတုန်းက
Building အတွက် သတ်မှတ်ထားတဲ့ Load ကို
ကိုယ်ကြိုက်တဲ့ Member ပေါ် လိုသလို ပုံမချနိုင်ဘူး။
သူ့နေရာနဲ့သူ
သူ့တာဝန်နဲ့သူ ရှိတယ်။

Business မှာလည်း အတူတူပါပဲ။
ငွေတိုင်းမှာ သူ့အလုပ်နဲ့သူ ရှိတယ်။

Founder တစ်ယောက်ရဲ့ တာဝန်က
Company ထဲကို ပိုက်ဆံဝင်အောင်
ရှာနိုင်ဖို့တင် မဟုတ်ဘူး။
ဝင်လာတဲ့ပိုက်ဆံကို မှန်ကန်တဲ့နေရာမှာ
မှန်ကန်တဲ့အလုပ်လုပ်စေနိုင်ဖို့လည်း ဖြစ်ပါတယ်။

Tin Ko Ko
(KSI Engineering)

Ads

မြို့ပြအင်ဂျင်နီယာ သင်တန်းများ
https://ksi.civilengr.org

-

ဆောက်လုပ်ရေးဆိုင်ရာ အကြံပေး ဝန်ဆောင်မှုများ
http://deltabe.com/?page_id=1181

-

အနာဂတ်အတွက် Wealth Building, Financial Freedom နဲ့ Passive Income တည်ဆောက်လိုသူများအတွက် Stock Investment & Financial Literacy သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

အသေးစိတ်လေ့လာရန်
https://deltabe.com/?page_id=1353

-
❤13
August 25, 2026 1.9K 3