Isolated Footing Vs Combined Footing Vs Mat Foundation — ဘယ်ဟာကို… — BTech Tin Ko Ko — TG.ME

Isolated Footing Vs Combined Footing Vs Mat Foundation — ဘယ်ဟာကို ဘယ်အချိန်သုံးမလဲ?

Foundation ရွေးချယ်တဲ့အခါ
Building က ဘယ်နှထပ်လဲ? ဆိုတာ
တစ်ခုတည်းကြည့်ပြီး ရွေးလို့မရပါဘူး။

အဓိကအားဖြင့်
Column Load, Allowable Soil Bearing Capacity,
Column Spacing, Property Boundary နဲ့
Settlement တွေကို ထည့်စဉ်းစားရပါတယ်။

1)Isolated Footing

Column တစ်ခုချင်းစီအောက်မှာ Footing တစ်ခုစီသီးခြားထားတဲ့ Footing ဖြစ်ပါတယ်။
အသုံးများတဲ့အခြေအနေတွေက
Soil Bearing Capacity ကောင်းတယ်။
Column ကနေ ကျလာတဲ့ Load အရမ်းမများဘူး။
Column တွေကြား Spacing လုံလောက်တယ်။
Footing တစ်ခုနဲ့တစ်ခု Overlap မဖြစ်ဘူး။
Column က Property Boundary နဲ့ အရမ်းမကပ်ဘူး။
ဆိုရင် Isolated Footing က ရိုးရှင်းပြီး
Economical ဖြစ်လေ့ရှိပါတယ်။

2)Combined Footing

Column ၂ခု သို့မဟုတ် ၂ခုထက်
ပိုတဲ့ Load ကို Footing တစ်ခုတည်းနဲ့ ထမ်းပေးတာပါ။
ဘယ်အချိန်သုံးမလဲ?
Column ၂ခု နီးလွန်းလို့
Isolated Footing လုပ်ရင် Footing တွေ
Overlap ဖြစ်တော့မယ်ဆိုရင် Combined Footing ကို
စဉ်းစားနိုင်ပါတယ်။

နောက်တစ်ခုက
အပြင်ဘက် Column က Property Line နဲ့
အရမ်းနီးနေလို့ Footing ကို Column Center ပတ်လည် Symmetrical ချဲ့မရတဲ့အခါ
အတွင်းဘက် Column နဲ့ ပေါင်းပြီး
Combined Footing လုပ်နိုင်ပါတယ်။
ဒီနေရာမှာ Column Loads တွေရဲ့ Resultant နဲ့
Footing Area ရဲ့ Centroid ကို
သေချာစဉ်းစားရပါတယ်။

3)Mat Foundation

Building အောက်ဧရိယာတော်တော်များများကို
Reinforced Concrete Foundation Slab ကြီးတစ်ခု
အဖြစ် ချိတ်ဆက်ပြီး Column Loads တွေကို
Soil ဆီ ဖြန့်ပေးတဲ့ Foundation System ဖြစ်ပါတယ်။

အသုံးများတဲ့အခြေအနေတွေက
Allowable Soil Bearing Capacity နည်းတယ်။
Column ကကျလာတဲ့ Load တွေများတယ်။
Column တွေ နီးကပ်တယ်။
Isolated Footing တွေ အရမ်းကြီးလာတယ်။
Footing တွေရဲ့ Area စုစုပေါင်းက Building Area
အများစုကို နေရာယူလာတယ်။
•Differential Settlement ကို Control လုပ်ချင်တယ်။
ဆိုရင် Mat Foundation ကို စဉ်းစားလာရပါတယ်။

ဥပမာ
Column Service Load = 120 kips
Allowable Soil Bearing Capacity = 3 ksf
ဆိုရင် Required Footing Area ကို အကြမ်းဖျင်း
A = P / qₐ
A = 120 / 3 = 40 ft²
Square Footing လို့ယူရင်
√40 ≈ 6.3 ft
ဒါကြောင့် Preliminary Size အနေနဲ့
6’-6” × 6’-6” ဝန်းကျင်ကနေ စဉ်းစားနိုင်ပါတယ်။
ဒါပေမယ့် Soil Bearing Pressure တစ်ခုတည်းနဲ့
Footing Design ပြီးသွားတာ မဟုတ်ပါဘူး။

Punching Shear
One-Way Shear
Flexure
Settlement
Eccentricity တွေကိုပါ စစ်ရပါတယ်။

အလွယ်မှတ်မယ်ဆို

Isolated Footing
Load မများ
Soil ကောင်း
Column တွေခြား

Combined Footing
Column တွေနီး / Property Line Constraint ရှိ

Mat Foundation
Loads များ
Soil အားနည်း
Individual Footing တွေ အရမ်းကြီးလာ

Foundation Type ရွေးချယ်တာဟာ
Rule of Thumb တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရပါဘူး။

Soil Investigation
Structural Loads
Settlement
Constructability
Economy
အားလုံးကို ပေါင်းစဉ်းစားပြီး Engineer က
ရွေးချယ်ရပါတယ်။

Software က Analysis နဲ့ Design ကို
ကူညီပေးနိုင်ပေမယ့် ဘယ် Foundation System ကို
ရွေးသင့်လဲဆိုတဲ့ Engineering Judgment က
Engineer ကိုယ်တိုင်
နားလည်ထားရမယ့်အပိုင်းဖြစ်ပါတယ်။

Tin Ko Ko
(KSI Engineering)

Ads

မြို့ပြအင်ဂျင်နီယာ သင်တန်းများ
https://ksi.civilengr.org

-

ဆောက်လုပ်ရေးဆိုင်ရာ အကြံပေး ဝန်ဆောင်မှုများ
http://deltabe.com/?page_id=1181

-
❤16
September 7, 2026 766 7