၁၉၇၀ ပြည့်လွန်နှစ်များက အီတလီနိုင်ငံ၊ La Spezia မြို့နဲ့ ပင်လယ်ကွေ့တစ်ဝိုက်မှာ ဖြစ်ပွားခဲ့ဖူးတဲ့ တရားဝင်အတည်မပြုနိုင်သေးတဲ့ ယူအက်ဖ်အို ထူးဆန်းစွာတွေ့ရှိမှုတွေ၊ သံလိုက်စက်ကွင်း မမှန်မကန်ဖြစ်မှုတွေနဲ့ လူပျောက်ဆုံးမှုမှတ်တမ်းဟောင်းတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ La Spezia မြို့ရဲ့ Area Code ဖြစ်တဲ့ ၀၁၈၇ ကို ဇာတ်ကားနာမည်အဖြစ် ပေးထားတာဖြစ်ပြီး မြို့အနီးက တောအုပ်တွေနဲ့ တောင်ကြောတွေဘက်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေကို လိုက်လံရှာဖွေရင်း ကြောက်မက်ဖွယ်ကောင်းတဲ့ အခြေအနေတွေနဲ့ မယုံနိုင်စရာ အမှန်တရားတွေကို ရင်ဆိုင်ကြုံတွေ့ရပုံကို ရင်တမမနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
ချန်နယ်လင့်
ဇာတ်ကားလင့်
