မကောင်းဆိုးဝါးရဲ့ကလေး (၂၀၂၆) ဖြစ်ရပ်မှန်ကို အခြေခံထားပြီး… — Hana : The Sweet Orophile — TG.ME

မကောင်းဆိုးဝါးရဲ့ကလေး (၂၀၂၆)

ဖြစ်ရပ်မှန်ကို အခြေခံထားပြီး ဇာတ်လမ်းကတော့ ဖခင်ဖြစ်သူ ရီဇာ ကို တစ်ခါမှ မမြင်ဖူးခဲ့တဲ့ ဂျီမယ်လ် ဆိုတဲ့ လူငယ်လေးကို ဗဟိုပြုထားပါတယ်။ ဂျီမယ်လ် ဟာ မကောင်းဆိုးဝါး ဝင်ရောက်ပူးကပ်ခံခဲ့ရပြီး ကောင်မလေးတစ်ယောက်ကို ကျောက်ခဲနဲ့ထုသတ်ခဲ့တာကြောင့် မိခင်ဖြစ်သူက သူ့ကို မကောင်းဆိုးဝါးရဲ့ကလေးလို့ သတ်မှတ်ကာ အပနှင်ဆရာကို ခေါ်ယူပြီး မောင်းထုတ်စေခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ သူ့မိခင်ကို သေဆုံးလျက်သား တွေ့ရှိခဲ့ရတာကြောင့် အသက်ရှင်နေသေးတဲ့ ဖခင်ဖြစ်သူ၊ ဖခင်ရဲ့ဇနီးနဲ့ အဖေတူအမေကွဲ အစ်မဖြစ်သူ ဒင်းနစ် တို့ နေထိုင်ရာ အိမ်ကြီးကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဂျီမယ်လ် နဲ့အတူ ပါလာတဲ့ ကျိန်စာဟာ အိမ်မှာရှိနေသူတွေကို အိပ်မက်ဆိုးတွေနဲ့ ကြောက်မက်ဖွယ်ဖြစ်ရပ်ဆိုးတွေ ကြုံတွေ့စေခဲ့ပြီး အတိတ်က ကြောက်စရာလျှို့ဝှက်ချက်ကြီးတစ်ခု ပေါ်ထွက်လာတဲ့အထိ အိမ်ကြီးတစ်ခုလုံးကို မွှေနှောက်ပါတော့တယ်။ ကြောက်စရာမြင်ကွင်းတွေ၊ ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုတွေနဲ့ သွေးထွက်သံယိုမြင်ကွင်းတွေ အပြည့်အဝ ပါဝင်တာကြောင့် သည်းထိတ်ရင်ဖို ကားတွေကို ကြည့်ရဲတဲ့သူတွေအတွက်သာ ညွှန်းပေးလိုက်ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့်
➡️  t.me/+l6iAujfRr3YwOTQ9

ဇာတ်ကားလင့်
➡️ t.me/c/3723652775/641
❤2
October 17, 2026 570 1