မင်မင်းဆက် အလယ်ပိုင်းကာလမှာ “ယွင်ရွှေ” လို့ခေါ်တဲ့ အေးချမ်းတဲ့မြို့လေးမှာ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ မြေခွေးမိစ္ဆာကြီးတစ်ကောင် သောင်းကျန်းနေတဲ့အတွက် မိစ္ဆာနှိမ်နင်းရေးအဖွဲ့က အရည်အချင်းရှိတဲ့ နတ်ဆိုးမုဆိုးလေးယောက်ကို မြို့လေးဆီ စေလွှတ်လိုက်ပါတယ်။ သူတို့လေးယောက် မြို့ကိုရောက်တဲ့အခါမှာတော့ ဒေသခံတွေ အရမ်းရိုသေလေးစားရတဲ့ အကြီးအကဲ ယင်ချန်းဟူ နဲ့ ပူးပေါင်းပြီး မိစ္ဆာကို ရှာဖွေနှိမ်နင်းဖို့ စတင်ကြပါတော့တယ်။ မြေခွေးမိစ္ဆာဟာ မြို့ရဲ့ အရေးပါတဲ့ မိစ္ဆာနှိမ်နင်းရေးမှော်လက်နက်ကို ခိုးယူသွားတဲ့အပြင် အလွန်လှပတဲ့ မိန်းမချောလေးအဖြစ် အသွင်ပြောင်းပြီး မုဆိုးလေးယောက်ကြားမှာ ယုံကြည်မှုတွေ ပျက်ပြားသွားအောင် အကွက်ဆင်လှည့်စားပါတော့တယ်။ အမှုကိစ္စတွေကို တဖြည်းဖြည်း လိုက်လံစုံစမ်းရင်း လျှို့ဝှက်ချက်တွေ တစ်စစ ပေါ်ပေါက်လာတဲ့အခါမှာတော့ အားလုံး မထင်မှတ်ထားတဲ့ ကြောက်စရာကောင်းတဲ့ အမှန်တရားကြီးတစ်ခုကို ရှာဖွေတွေ့ရှိသွားကြပါတယ်။ ဒီအမှန်တရားကရော ဘာဖြစ်မလဲ။ မုဆိုးငါးယောက် ပေါင်းစပ်ပြီး အင်အားကြီးမားတဲ့ မြေခွေးမိစ္ဆာကြီးကို ဘယ်လိုမှော်အစီအရင်တွေ၊ သိုင်းကွက်တွေ သုံးပြီး အသက်လုပြီး တိုက်ခိုက်သွားကြမလဲဆိုတာကို ရင်ခုန်ဖွယ် ကြည့်ရှုရမှာပါ။
ချန်နယ်လင့်
ဇာတ်ကားလင့်
