စွမ်းအားရှင်ကလေးငယ် (၂၀၂၅) ဂျီနာ နဲ့ ဂါနီ တို့… — Hana : The Sweet Orophile — TG.ME

စွမ်းအားရှင်ကလေးငယ် (၂၀၂၅)

ဂျီနာ နဲ့ ဂါနီ တို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ဘဝဟာ သူတို့ရဲ့သားဖြစ်သူ အဂ္ဂနီ ဆီမှာ ထူးဆန်းတဲ့ မူမမှန်မှုတွေကို စတင်တွေ့ရှိလာချိန်မှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပါတယ်။ အဂ္ဂနီ မှာ အမျိုးအမည်မသိတဲ့ စွမ်းအားတွေရှိနေပြီး အဲဒီအစွမ်းတွေဟာ သူမကျေနပ်တဲ့လူတွေကို အကြီးအကျယ် ဒုက္ခပေးနိုင်တဲ့အပြင် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တာပါ။ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး သံသယဝင်လာတဲ့ ဂါနီ က အကြောင်းရင်းနဲ့ ဇစ်မြစ်ကို စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားတဲ့အခါမှာတော့ ခြောက်ခြားစရာကောင်းလွန်းတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုဟာ ဘူးပေါ်သလို ပေါ်လာပါတော့တယ်။ ပြောရမယ်ဆိုရင် ဒီဇာတ်လမ်းဟာ အိုမန် နဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒါပေမဲ့ အရှေ့တိုင်းရိုးရာအစီအရင်တွေ၊ ရုတ်တရက်ခြောက်လှန့်မှု တွေနဲ့ ဒရာမာဇာတ်ကွက်တွေကိုပါ ထည့်သွင်းတင်ဆက်ထားတာကြောင့် အာရှပရိသတ်တွေအတွက် ပိုပြီးရင်ခုန်စရာကောင်းတဲ့ ဟော်ရာဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့်
➡️  t.me/+l6iAujfRr3YwOTQ9

ဇာတ်ကားလင့်
➡️ t.me/c/2567751525/1845
October 11, 2026 523 4