ရှင်သန်ပါ၊ ရယ်မောပါ၊ ပြေးပါ (၂၀၂၆) ကောလိပ်ကျောင်းသူလေး အက်ရှ်လေ ဟာ… — Hana : The Sweet Orophile — TG.ME

ရှင်သန်ပါ၊ ရယ်မောပါ၊ ပြေးပါ (၂၀၂၆)

ကောလိပ်ကျောင်းသူလေး အက်ရှ်လေ ဟာ အင်ဒီယားနားပြည်နယ်ရဲ့ ကျေးလက်ဒေသတစ်ခုမှာ ကလေးထိန်းအလုပ်ကို လက်ခံခဲ့ပေမဲ့ အစွန်းရောက်မိသားစုတစ်စုရဲ့ ပြန်ပေးဆွဲပိတ်လှောင်ခြင်းကို ခံခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရပြီး ကိုယ်ဝန်ဖျက်ချဖို့ ကြိုးစားနေတဲ့ နာအိုမီ ဆိုတဲ့ ကောင်မလေးကလည်း အတင်းအကျပ် မီးဖွားခိုင်းတဲ့ စခန်းတစ်ခုဆီ ရောက်ရှိလာခဲ့ပါတယ်။ ဒီလူတွေရဲ့ ရည်ရွယ်ချက်တွေ၊ အကြောင်းရင်းတွေနဲ့ စေ့ဆော်မှုတွေကို ဘာတစ်ခုမှ မသိရသေးပေမဲ့ ဘဝတူဖြစ်သွားကြတဲ့ အက်ရှ်လေ နဲ့ နာအိုမီ တို့နှစ်ယောက်ဟာ အဲဒီနေရာကနေ လွတ်မြောက်ဖို့ နည်းလမ်းကို အသည်းအသန် ကြိုးစားရှာဖွေရပါတော့မယ်။ ဒီလူတွေရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဘာသာရေးဂိုဏ်းတစ်ခုလား။ ကလေးတွေကို ရောင်းစားနေတဲ့ ကွန်ရက်တစ်ခု ဖြစ်နိုင်မလား။ ဒါမှမဟုတ် ဒီထက်ပိုကြီးမားတဲ့ အကြံအစည်တွေ ရှိနေသေးတာလား။ လျှို့ဝှက်ချက်တွေကို ဆက်လက်ရှုစားကြပါဦး။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့်
➡️  t.me/+l6iAujfRr3YwOTQ9

ဇာတ်ကားလင့်
➡️ t.me/c/3723652775/604
October 11, 2026 281 1