သရဲခြောက်တဲ့အိမ်ကြီးရဲ့လျှို့ဝှက်ချက် (၂၀၂၅) သရဲခြောက်တယ်လို့… — Hana : The Sweet Orophile — TG.ME

သရဲခြောက်တဲ့အိမ်ကြီးရဲ့လျှို့ဝှက်ချက် (၂၀၂၅)

သရဲခြောက်တယ်လို့ နာမည်ထွက်နေတဲ့ အိမ်ဟောင်းကြီးကို မဖြစ်နိုင်တဲ့ငွေတန်ဖိုးနဲ့ ဝယ်လိုက်တဲ့ မိသားစုတစ်စု။ အိမ်ကြီးရဲ့ နောက်ခံသမိုင်း၊ အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်တွေနဲ့ ကြောက်စရာဖြစ်ရပ်ဆိုးတွေကို ရင်ဆိုင်ကြရပုံကို ရိုက်ကူးထားတဲ့ ဗီယက်နမ် Horror ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စားဝတ်နေရေးခက်ခဲပြီး ငွေကြေးမပြည့်စုံတဲ့ မိသားစုလေးတစ်စုအကြောင်းကနေ စတင်ထားတာပါ။ သူတို့ဟာ ဈေးပေါပေါနဲ့ ရနိုင်မယ့်အိမ်တစ်လုံးကို လိုက်လံရှာဖွေရင်း မြို့ခံတွေက ဝိညာဉ်ဆိုးတွေနဲ့ အောက်လမ်းပယောဂတွေ ခြောက်လှန့်နေတယ်လို့ ပြောကြတဲ့ အိမ်ဟောင်းကြီးတစ်လုံးကို မဖြစ်မနေ ဝယ်ယူနေထိုင်လိုက်ကြရပါတော့တယ်။ အဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာတော့ အရင်ပိုင်ရှင်ပေါင်းများစွာ သေဆုံးခဲ့ဖူးပြီး အမှောင်မိုက်ဆုံးအတိတ်တွေ ရှိနေခဲ့တဲ့ ထိုအိမ်ကြီးရဲ့ ခြောက်လှန့်မှုတွေကို မိသားစုဝင်တွေ ဆက်တိုက်ကြုံတွေ့ရပါတော့တယ်။ ဝိညာဉ်ဆိုးတွေရဲ့ ခြိမ်းခြောက်မှုကြားထဲကနေ အသက်လွတ်အောင်နဲ့ မိသားစုကို ကာကွယ်ဖို့အတွက် သူတို့ဟာ အိမ်ကြီးရဲ့လျှို့ဝှက်ချက်တွေကို ဘယ်လိုမျိုး အသက်နဲ့ရင်းပြီး ဖော်ထုတ်သွားကြမလဲဆိုတာကို ရင်တမမကြည့်ရမယ့် သရဲကားကောင်းလေး ဖြစ်ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့်
➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့်
➡️ t.me/c/2567751525/1824
❤1
October 7, 2026 223 2