ဓာတ်ပုံဆရာ ဂျောင်ဟို ဟာ အတိတ်က စိတ်ဒဏ်ရာကြောင့် လူတွေနဲ့ ခပ်ဝေးဝေးနေပြီး တိတ်ဆိတ်တဲ့ ကမ္ဘာထဲမှာပဲ သီးခြားနေထိုင်တတ်သူ ဖြစ်ပါတယ်။ ဒါပေမယ့် ကံကြမ္မာရဲ့ ဖန်တီးမှုကြောင့် မိဘမဲ့မိန်းကလေးငယ်လေး ဆူယွန်း ကို ခေတ္တစောင့်ရှောက်ပေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မြို့ထဲမှာ အသက်ငယ်ရွယ်တဲ့ မိန်းကလေးငယ်တွေကို ပစ်မှတ်ထားပြီး ရက်စက်စွာ သတ်ဖြတ်နေတဲ့ ကွင်းဆက်လူသတ်မှုတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီအမှုကို လိုက်လံစုံစမ်းနေတဲ့ စုံထောက် ဂင် ဟာ သဲလွန်စတွေကို လိုက်ရင်းနဲ့ သတ်ဖြတ်ခံရတဲ့ ကလေးမလေးတွေအားလုံးဟာ ဓာတ်ပုံဆရာ ဂျောင်ဟို ရဲ့ ပတ်ဝန်းကျင်နဲ့ ပတ်သက်ဆက်နွယ်နေတာကို သတိပြုမိသွားပါတယ်။ ဂျောင်ဟို တစ်ယောက် ကွင်းဆက်လူသတ်မှုနဲ့ ဘယ်လိုပတ်သက်နေတာလဲ။ သူ့စောင့်ရှောက်မှုအောက်မှာရှိနေတဲ့ ဆူယွန်း လေးကရော နောက်ထပ်သားကောင်ပဲ ဖြစ်သွားမလား။ ဒါမှမဟုတ် လူသတ်သမားလက်ကနေပဲ ကာကွယ်လိုက်နိုင်မလား။
ချန်နယ်လင့်
ဇာတ်ကားလင့်

