ရှီအိုရီ ဆိုတဲ့ အထက်တန်းကျောင်းသူကောင်မလေးက လိုင်းပေါ်မှာ ဆယ်လီလေးတစ်ယောက် ဖြစ်ချင်ပေမယ့်လည်း အရှက်အကြောက်ကြီးလွန်းတာကြောင့် အာရုံစိုက်ခံရခြင်း မရှိသူလေးပါ။ ဆန့်ကျင်ဘက်အနေနဲ့ သူ့ဘော်ဒါကောင်မလေးကတော့ ပေါ်ပင်လေးပေါ့လေ။ တစ်ရက် နှစ်ဦးသား လေ့ကျင့်နေကြတုန်း ရှီအိုရီ တစ်ယောက် လှေကားပေါ်ကနေ အရှက်တကွဲ ပြုတ်ကျပါလေရော။ ပြုတ်ကျတာက အရေးမကြီးပေမယ့် အဲဒီဗီဒီယိုကြီးက လိုင်းပေါ်ရောက်သွားပြီး ပေါက်သွားတဲ့အခါ လူတွေကြားထဲ အရှက်ကွဲပြီး နေရခက်လာတဲ့ ရှီအိုရီ တစ်ယောက် မည်သို့မည်ပုံရယ်မသိဘဲ ထူးဆန်းစွာနဲ့ စမတ်ဖုန်းကမ္ဘာထဲမှာ ရောက်ပြီး ပိတ်မိသွားပါတော့တယ်။ အဲဒီအချိန်မှာ သူ့နေရာကိုလည်း သူနဲ့တစ်ပုံစံတည်းတူတဲ့ ရှီအိုရီ ဆိုတာက ဝင်နေရာယူထားပြီး မွှေနေတဲ့အချိန် စမတ်ဖုန်းကမ္ဘာထဲက ရှီအိုရီ တစ်ယောက် အဲဒီမှာ အီမီဂျီ လေးတစ်ကောင်နဲ့ ခင်မင်ပြီး လက်တွေ့လောကထဲကို ဘယ်လိုပြန်ရောက်အောင် ကြိုးပမ်းသွားမလဲ၊ ဒီစမတ်ဖုန်းကမ္ဘာဆိုတာကလည်း တကယ်တမ်း ဘာကြီးလဲ စသဖြင့် စိတ်ဝင်စားစရာလေးတွေနဲ့ တင်ဆက်ဖော်ကျူးထားတဲ့ အန်နမီ ကားလေး ဖြစ်တာမို့ အားပေးလိုက်ဖို့ ဖိတ်ခေါ်လိုက်ပါရစေဗျာ။
ချန်နယ်လင့်
ဇာတ်ကားလင့်
