😱TOPIK စာမေးပွဲ မဖြေခင် တပတ်အလို😱
အားလုံးပဲ နောက်အပတ်ဆို စာမေးပွဲ ဖြေရပါတော့မယ်။ အဆင့်သင့်ဖြစ်ကြပြီလား? ခုထိ ရသလိုလို မရသလိုလိုနဲ့ ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်နေသူများ အတွက် ဒီ ပို့စ်လေးကို ရေးလိုက်ပါတယ်။ အထူးသဖြင့် self-study သမားများအတွက် ကိုယ့်ကိုယ်ကို ခရီးမရောက်ဘူးလို့ ထင်တဲ့အခါ ခု ဖော်ပြထားတဲ့ အချက်အလက်လေးတွေကို ဉီးစားပေးပြီး ဒီ တစ်ပတ်အတွင်းမှာ အချိန်ပေးပြီး လုပ်ကြည့်ပါ။
၁။ အရင်ဆုံး တော့ပစ်နဲ့ ပတ်သက်ပြီး ဟိုစာအုပ်၊ ဒီစာအုပ်တွေ အများကြီး လိုက်ဖတ်မယ့်အစား မေးခွန်းဟောင်းတွေကိုသာ ဒေါင်းလော့ဒ်လုပ်ပြီး လေ့လာပါ။ 회 အလိုက် မေးခွန်းဟောင်း၊ အဖြေ၊ အသံဖိုင်၊ listening script အကုန်ဒေါင်းလော့ဒ်လုပ်ပါ။ ခုထိ မေးခွန်းဟောင်းတွေ ဘယ်က ရှာရမှန်း မသိရင် ဒီမှာ ကြည့်ပါ။
https://youtu.be/66KJvfY2y2A?si=skvyXl8cI9qQ1y6x
၂။ နောက် မိမိရဲ့ target level ကို သိပါ။
လူတိုင်းကတော့ အမြင့်ဆုံး ဖြစ်တဲ့ level 6 ကို လိုချင်ကြတာချည်းပါပဲ။ ဒါပေမယ့် မိမိရဲ့ လေ့လာမှုနှုန်းနဲ့ ဖြစ်နိုင်တဲ့ level က ဘယ်အဆင့်မှာ ရှိလဲနဲ့ အဲ့ level လောက်ထိက ဖြေနိုင်မယ့် မေးခွန်းပုံစံတွေက ဘာလဲဆိုတာ သေချာသိအောင်လုပ်ပါ။ တော့ပစ် ၂ မေးခွန်းသည် level ၃,၄,၅,၆ ကို တခါတည်း ပေါင်းစစ်တာ ဖြစ်တာကြောင့် မိမိရဲ့ level အနေအထားနဲ့ လိုက်နိုင်တာမျိုး ရှိသလို မလိုက်နိုင်တာမျိုးလဲ ရှိမှာပါ။ အချိန်လဲ မကျန်တော့တာကြောင့် မိမိရဲ့ ဖြစ်နိုင်တဲ့ နှုန်းနဲ့ ရနိုင်တဲ့ level အလိုက် မေးခွန်းပုံစံတွေကို သေချာသိအောင်လုပ်ပြီး အမှားအယွင်းမရှိအောင် အပြန်ပြန် အလှန်လှန် လေ့ကျင့်ပါ။
၃။ အချိန်ပေးပါ။
အချိန်လဲ တပတ်ပဲ ကျန်တော့တာကြောင့် မဖြစ်မနေ လုပ်သင့်တဲ့ အချက်ကတော့ စာမေးပွဲအတွက် လေ့လာဖို့ကို ခုချိန်ကစ အချိန်ပေးပါ။ တနေ့ကို အနည်းဆုံး ၁း၃၀ လောက်တော့ အချိန်ပေးပြီး လေ့လာသင့်ပါပြီ။ လေ့လာတဲ့ အပိုင်းကလဲ အပြင်စာအုပ်တွေကို လေ့လာတာထက် မေးခွန်းဟောင်းတွေကိုသာ အချိန်ပေးပြီး လေ့လာသင့်ပါတယ်။
၄။ မဖြစ်မနေ Mock Test ဖြေကြည့်ပါ။
နောက်ထပ်ကတော့ မေးခွန်းဟောင်းတွေထဲက ၂စုံ, ၃စုံလောက်ကို ချန်ထားပြီး အဲ့မေးခွန်းဟောင်းတွေကိုပဲ တကယ့် စာမေးပွဲ ဖြေနေတဲ့ ပုံစံအတိုင်း အချိန်အကန့်အသတ်နဲ့ တစ်ထိုင်တည်း ဖြေကြည့်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသလိုပဲ စာမေးပွဲ အထာမသိရင် စာမေးပွဲခန်းထဲ ရောက်မှ ဟိုယောင်ယောင် ဒီယောင်ယောင်တွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မဖြစ်မနေ မေးခွန်းဟောင်းတွေကိုပဲ Mock Test သဘောမျိုး ဖြေကြည့်ပြီး မိမိရဲ့ လယ်ဗယ်ကို ဆန်းစစ်ပါ။
၅။ 원고지 အကွက်တွေမှာ ချရေးကြည့်ပါ။
쓰기 အတွက်ကတော့ မဖြစ်မနေ ၅၃ အပုဒ်သည် Level 3,4,5,6 သမားများက ဖြေရမှာ ဖြစ်တဲ့အတွက် အကွက်ထဲမှာ စာလုံးရေ ၂၀၀-၃၀၀ ဝင်ဆံ့အောင် ရေးဖို့က အရေးကြီးပါတယ်။ အကွက်ထဲမှာ ရေးကျင့်တာမျိုး မလုပ်ထားရင် စာမေးပွဲခန်းထဲရောက်မှ ကို့ရိုးကိုယားဖြစ်နိုင်တာမို့ 쓰기 အတွက်ကိုလဲ ဒီအတိုင်းကြီး ဖတ်နေတာထက် 원고지 အကွက်တွေမှာ ရေးကျင့်တာမျိုး လုပ်သင့်ပါတယ်။ ရေးနည်းမသိသေးရင် ဒီ ဗီဒီယိုမှာ လေ့လာပါ။
https://youtu.be/EfZ5XWGWdMo?si=W6TvROiiqqM8e1ZW
အားလုံးပဲ ခုထိ အချိန်လေး ကျန်သေးတာမို့ အာားတင်းထားကြနော်။ ဒီပို့စ်လေးကလဲ အားလုံးအတွက် အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်ရှင့်💕
#bibeopnotesbyfang #비법노트 #TOPIK #TOPIK2 # 토픽 #토픽2