လက်ပံတန်းက စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က… — Bago Scout Network — TG.ME

Forwarded fromPEPeople's Spring
လက်ပံတန်းက စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်နေ

ဩဂုတ်-၂၂၊၂၀၂၆။မိုမို/People's Spring

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

လက်ပံတန်းမြို့ရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ ထန်းပင်ချောင် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဩဂုတ် ၁၅ရက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

"လက်ပံတန်းမြို့နယ်ထဲ ရန်သူ့လူပ်ရှားစစ်ကြောင်းတွေပြင်နေတာတွေ ရှိပါတယ်။ပြီးခဲ့တဲ့ရက်က ဂိတ်စခန်းသိမ်းခံရတာနဲ့ သက်ဆိုင်တယ်"လို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအပြီး လက်ပံတန်းမြို့နယ် မှော်အင်းကျေးရွာက စစ်တပ်သတင်းပေး ဆည်မြောင်း၀န်ထမ်းတစ်ဦးကိုလည်း တော်လှန်ရေးတပ်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

"သူက တော်လှန်ရေးတပ်တွေရဲ့ သွားလာလှုပ်ရှားတာတွေ စခန်းတည်နေရာတွေကို သတင်းပို့တာ တော်တော်‌ များတယ်။ကြားတာတော့ ဖမ်းခံရပြီး ထွက်ပြေးဖို့လုပ်တဲ့ချိန် ပစ်ခတ်ခံရတယ်"လို့ လက်ပံတန်းမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

တော်လှန်ရေးအားကောင်းတဲ့ ပဲခူးရိုးမအနောက်ခြမ်းက လက်ပံတန်း၊မင်းလှ၊အုတ်ဖို၊နတ်တလင်း မြို့နယ်တွေကို နယ်မြေအသာစီးရယူဖို့ အာဏာသိမ်းစစ်တပ် နဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန်ကြိုးပမ်းနေတာပါတယ်။

ဒါကြောင့် တိုက်ပွဲတွေ မကြာခဏ ဖြစ်နေပြီး ရန်ကုန်-ပြည် ကားလမ်းဘေးက စစ်တပ် ဂိတ်စခန်းတွေ၊ ကျေးရွာအချို့က စခန်းတွေနဲ့ စစ်တပ်ဂိတ်စခန်းတွေ အပါအ၀င် လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာရှိ စစ်တပ် အထိုင်စခန်းကြီးတစ်ခုကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ဖူးပါတယ်။

လက်ပံတန်းမြို့နယ်မှာ စစ်တပ်က တပ်မ(၆၆) လက်အောက်ခံတပ်ရင်းတွေ နဲ့ ပြည်သူ့စစ်အင်အား ကို အမှီပြုပြီး တော်လှန်ရေးတပ်တွေကို ခုခံတာနဲ့ တန်ပြန်ထိုးစစ်ဆင်တာတွေ လုပ်နေတာဖြစ်ပါတယ်။
August 23, 2026 140