၂။ အာဏာသိမ်းစစ်အုပ်စုသည် ယခုနှစ် မေလကုန်မှစ၍ မကွေးလေတပ်မှ Mi 35… — Bago Scout Network — TG.ME

၂။ အာဏာသိမ်းစစ်အုပ်စုသည် ယခုနှစ် မေလကုန်မှစ၍ မကွေးလေတပ်မှ Mi 35 ရဟတ်ယာဉ် နှင့် Gyrocopter များကို ညောင်ဦး လေဆိပ်သို့ ပြောင်းရွှေ့ထားပြီး ၎င်းမှတဆင့် ပခုက္ခူ၊ မြိုင်၊ ပေါက် ဝန်းကျင် မှ စ၍ ချင်းတောင် ကျောက်ထုဘက် ဒေသများအပြင် မြစ်ချေ မြို့ဝန်းကျင်အထိ နေ့စဉ် ဗုံးကြဲ တိုက်ခိုက်လျက်ရှိသည်။ ထို့အပြင် Y8 နှင့် Y12 လေယာဉ် များလည်း မကြာခဏ ညောင်ဦးလေဆိပ်တွင် လာရောက်အခြေပြုသည်ကိုတွေ့ရသည်။
၃။ နေ့စဉ် ရဟတ်ယာဉ်ဖြင့် ဗုံးကြဲခြင်း၊ gyrocopter ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အပြစ်မဲ့ ကလေးငယ်များနှင့် ပြည်သူများ နေ့စဉ် အသက်ဆုံးရှုံးနေရသဖြင့် BWM နှင့် မဟာမိတ်အဖွဲ့ တို့ က ညောင်ဦးလေဆိပ် ရှိ Mi35 ၊ ဆီလှောင်ကန် နှင့် gyrocopter များ ထားရာ သို့ ရည်ရွယ် တိုက်ခိုက်ခြင်းဖြစ်ပါသည်။ ဆက်လက်၍လည်း ပြည်သူများနှင့် တော်လှန်ရေးအဖွဲ့ များ နှင့် အတူ စည်းစည်းလုံးလုံးဖြင့် တော်လှန်ရေး အမြန်ဆုံးအောင်မြင်အောင် ကြိုးစားပါမည်။ စည်းလုံးညီညွတ်စွာကြိုးစားကြဖို့ အားလုံးကိုလည်း တိုက်တွန်းလိုပါသည်။
❤3
July 30, 2026 221 1