(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၊ မြို့မစခန်းရဲတပ်ဖွဲ့ဝင်များ စုပေါင်းလုပ်အားပေးဆောင်ရွက်
=============
ပဲခူး စက်တင်ဘာ ၅
(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၊ မြို့မစခန်းမှရဲတပ်ဖွဲ့ဝင်များ ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် စုပေါင်းလုပ်အားပေးဆောင်ရွက်ခြင်းကို စက်တင်ဘာလ(၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက် လိပ်ပြာကန်ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ကြသည်။
အဆိုပါ စုပေါင်းလုပ်အားပေးပြုလုပ်ခြင်းအား ပဲခူးမြို့၊ မြို့မရဲစခန်းမှူး ဒုရဲမှူး နေမျိုးထွန်း ဦးစီးပြီး အရာရှိ ၁၂ဦး အခြားဆင့်တပ်ဖွဲ့ဝင် ၁၈ဦး စုစုပေါင်းတပ်ဖွဲ့ဝင် (၃၀)ဦးတို့ဖြင့် လိပ်ပြာကန်ဘုန်းတော်ကြီးကျောင်းပရဝဏ်အတွင်း အမှိုက်များနှင့် မြက်များအား စုပေါင်းရှင်းလင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
























