ပုဂံသား: post #1024 — TG.ME

❝ယာဉ်ဟောင်းများကို EV ယာဉ်အဖြစ် ပြောင်းလဲသည့် မူဝါဒအပေါ် သုံးသပ်ချက် ❞

ယာဉ်ဟောင်း အပ်၍ EV ကားတင်သွင်းခွင့်ပြုသည့် မူဝါဒ၏ အောင်မြင်မှုသည် EV တင်သွင်းနိုင်မှု အပေါ် မူတည်နေခြင်းမဟုတ်ဘဲ လျှပ်စစ် ဓာတ်အားလုံလောက်မှု၊ Charging infrastructure ပြည့်စုံမှု၊ ပြည်တွင်းထုတ်လုပ်ရေးဖွံ့ဖြိုးမှု၊ အနာဂတ် အမျိုးသား စွမ်းအင်လုံလောက်စေခြင်း အထောက်အကူပြု/မပြု တို့အပေါ် မူတည်နေမည် ဖြစ်ကြောင်း သုံးသပ်နိုင်သည်။

လက်ရှိ မူဝါဒသည် EV Industry မူဝါဒ မဟုတ်သေးဘဲ Import မူဝါဒသပ်သပ်သာ ဖြစ်ကြောင်း တွေ့နိုင်သည်။ ထို့အတူ EV ဝယ်ယူရေး တွင်လည်း အများပြည်သူဝယ်ယူနိုင်သည့် ဈေးကွက်တစ်ခုအဖြစ် ဖန်တီးနိုင်ခြင်း မရှိသေးသည်ကိုလည်း တွေ့ရသည်။ ထို့ကြောင့်ပင် လက်တွေ့မြေပြင်၌ ဝယ်လို အားနှင့် ရောင်းလိုအားမမျှတသဖြင့် ပြည်သူများ ဈေးကြီးပေးဝယ်ရပြီး ဈေးကွက် ထိန်းညှိပေးရန်အတွက် လွှတ်တော် အထိပင် မေးမြန်းရသည့်အခြေအနေသို့ ရောက်ရှိ နေရခြင်းဖြစ်ကြောင်း တွေ့ရှိနိုင်သည်။

👆👆👆ဤနေရာတွင် Download လုပ်၍ အပြည့်အစုံ ဖတ်ရှုနိုင်သည်။


#Myanmar Political Analysis Team

https://t.me//myanmarpoliticalanalysisteam
👍1
June 8, 2026 390