ပုဂံသား: post #1027 — TG.ME

Forwarded fromMYMyanmar Political Analysis Team
❝ သမ္မတကြီး၏ ပေကျင်းခရီးစဉ်အပေါ် သုံးသပ်ချက်❞

တရုတ်နိုင်ငံသည် သမ္မတ ဦးမင်းအောင်လှိုင်အား ကမ္ဘာ့ခေါင်းဆောင် ကြီးများနည်းတူ ကော်ဇောနီခင်း၍ အမြောက်(၂၁)ချက် ပစ်ဖောက်ဂုဏ်ပြုကာ တီယန်အန်မင်ရင်ပြင် တွင် အဆင့်မြင့်ဆုံး ပရိုတိုကောဖြင့် ကြိုဆိုခဲ့သည်ကား အဆိုပါ နိုင်ငံရေးအပေါ် လေးနက်မှုပြသခြင်း ပုံရိပ်ဟု ဆိုနိုင်သည်။

မြန်မာနိုင်ငံ၏ လက်ရှိအစိုးရသစ်နှင့် ခေါင်းဆောင်မှုအပေါ် နိုင်ငံတကာ မျက်နှာစာတွင် သံတမန်ရေးရာ တရားဝင်မှု မြင့်တက်လာစေရန် တရုတ်နိုင်ငံအနေဖြင့် တရားဝင် အသိအမှတ်ပြုကြောင်း ကမ္ဘာကို ပြသလိုက်ခြင်းပင်ဖြစ်သည်။

သမ္မတကြီး ဦးမင်းအောင်လှိုင်အနေဖြင့်လည်း တရုတ်၏ "One China Principle" ကို ပြတ်ပြတ်သားသား ထောက်ခံပေးကာ သမ္မတ ရှီကျင့်ဖျင်၏ ကမ္ဘာလုံးဆိုင်ရာ မူဝါဒ ၄ ရပ် (GSI, GDI, GCI, GGI) တွင် ပါဝင်ပူးပေါင်းရန် သဘောတူခဲ့သည်ကိုလည်း တွေ့ရသည်။ အဆိုပါ အချက်အလက်များကို သုံးသပ်ကြည့်ပါက နိုင်ငံရေးမျက်နှာစာကဏ္ဍတွင် နှစ်နိုင်ငံကြား အမြင့်ဆုံး အနေအထား ဖြစ်အောင် တည်ဆောက်နိုင်ခဲ့ကြောင်း သုံးသပ်နိုင်သည်။


👆👆👆ဤနေရာတွင် Download လုပ်၍ အပြည့်အစုံ ဖတ်ရှုနိုင်ပါသည်။

Myanmar Political Analysis Team
သမ္မတကြီး၏_ပေကျင်းခရီးစဉ်အပေါ်_သုံးသပ်&#_1.pdf1.3 MB · PDF
👍2
June 20, 2026 403