ဇာတ်လမ်းက ငယ်ငယ်က ကယ်လ် စမောလီရဲ့ ကားဝပ်ရှော့မှာ မက်ခ်ျဘောက်စ် ကားလေးတွေနဲ့ အတူတူ ဆော့ကစားခဲ့ကြတဲ့ သူငယ်ချင်း တစ်စုဆီကနေ စတင်ပါတယ်။ တစ်နေ့မှာတော့ ရှောင် ဟာ နျူကလီးယား ထိပ်ဖူးတစ်ခုကို လုံခြုံတဲ့ နေရာပို့ပေးရမယ့် စစ်ဆင်ရေးတစ်ခုမှာ လုပ်ကြံ ဖန်တီးတာကို ခံလိုက်ရပြီး ဗုံးခိုးသူအဖြစ် စွပ်စွဲခံလိုက်ရပါတယ်။ ပြဿနာတွေကြားထဲ ရောက်နေတဲ့ ရှောင် တစ်ယောက် သူငယ်ချင်းဟောင်းတွေဖြစ်တဲ့ အေမီ၊ တက်ဒ်၊ ခရော့စ်ဘီ နဲ့ ရှာမိန်း တို့ရှိတဲ့ ဇာတိမြို့လေးဆီ ပြန်ရောက်လာချိန်မှာတော့ မထင်မှတ်ဘဲ သူငယ်ချင်းတွေ အားလုံးပါ ဆေးခတ် ပြန်ပေးဆွဲခံရပြီး ဒီကိစ္စကြီးထဲ ပါသွားပါတော့တယ်။
အရင်က ကစားစရာ ကားလေးတွေနဲ့ပဲ ဆော့ခဲ့ကြတဲ့ သူငယ်ချင်းတွေဟာ တကယ့် အပြင်လောကက အသက်လု ကားမောင်းပြေးရတဲ့ ပြကွက်တွေရော၊ အန္တရာယ်များတဲ့ ရန်သူတွေကိုရော ဘယ်လို ရင်ဆိုင်ကျော်ဖြတ်မလဲ ဆိုတာကို သည်းထိတ်ရင်ဖို အက်ရှင်ပြကွက်တွေ၊ ဟာသ ဇာတ်ကွက်တွေနဲ့ သေသေချာချာ ပေါင်းစပ် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။
🍿🍿ဇာတ်ကားကြည့်ရန် လင့် နှိပ်ပါ⬇️⬇️
https://t.me/Newmm789/3035
https://t.me/Newmm789/3035
🍿 Channel လေးကို Join ပေးခဲ့ပါအုန်းနော်
#Credit



















