ဘင်္ဂလားဒေ့ချ်၊ ကော့ဇ်ဘဇားတွင် အခြီကုပ်နီသည့် ကျားဖျန့်ဂိုဏ်းများကို… — Arakan Princess Media — TG.ME

ဘင်္ဂလားဒေ့ချ်၊ ကော့ဇ်ဘဇားတွင် အခြီကုပ်နီသည့် ကျားဖျန့်ဂိုဏ်းများကို ရဲတပ်ဖွဲ့၏ စီးနင်းမှုအတွင်း ကျားဖျန့်လုပ်သား ၆ ဦးကို ဖမ်းမိ၊ ကျားဖျန့်လုပ်သား ၃၀၀ နီးပါး လွတ်မြောက်နီ

APM၊ စပ်တမ်ဘာ ၈ / ၂၀၂၆

ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ကော့ဇ်ဘဇားတွင် အခြီကုပ်နီသည့် ကျားဖျန့်ဂိုဏ်းများကို ဘင်္ဂလားဒေ့ချ် အာဏာပိုင်များက စီးနင်းဖမ်းဆီးမှုအတွင်း ကျားဖျန့်လုပ်သား ၆ ဦးကို ဖမ်းမိခကာ တခြားကျားဖျန့်လုပ်သား ၃၀၀ နီးပါး လွတ်မြောက်နီကြောင်း သိရသည်။

ဘင်္ဂလားဒေ့ချ်တွင် ကျားဖျန့်ဂိုဏ်းများ ဝင်ရောက်ကာ အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုပ်ကိုင်နီသည့် သတင်းများအရ ကော့ဇ်ဘဇားမြို့ဟိ Falcon ဟိုတယ်နန့် Sea Place ဟိုတယ်များကို စပ်တမ်ဘာ ၃ ရက်နိတွင် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခရာ အဆိုပါ ကျားဖျန့်လုပ်သား ၆ ဦးကို ဖမ်းမိခခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် ကျားဖျန့်လုပ်သားများမာ တရုတ်နိုင်ငံသား ၅ ဦးနန့် ထိုင်ဝမ်နိုင်ငံသား ၁ ဦး ဖြစ်ပြီး ၎င်းရို့သည် ကော့ဇ်ဘဇားမြို့၊ Marine Drive လမ်းတလျှောက်ဟိ ဟိုတယ်များတွင် အခြီစိုက်ကာ အွန်လိုင်းမှတဆင့် ရင်းနှီးမြှုပ်နှံမှု အတုများဖြင့် လိမ်လည်ခြင်းများကို လုပ်နီသည်မာ ၄ လခန့် ကြာဟိနီပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါကျားဖျန့်လုပ်သားများကို စစ်ဆီးချက်များအရ ကော့ဇ်ဘဇားတွင် ကျားဖျန့်လုပ်သား ၂၅၀ မှ ၃၀၀ အထိ ဝင်ရောက်နီပြီးဖြစ်ကြောင်းသိရပြီး ၎င်းရို့အား ဖမ်းဆီးနိုင်ရီး ဒါကာမြို့ဟိ တရုတ်သံရုံးနန့် ဘင်္ဂလားဒေ့ချ်အကြမ်းဖက် နှိမ်နင်းရီးနန့် နယ်စပ်ဖြတ်ကျော်ပြစ်မှုဆိုင်ရာဌာန( CTTC) ရို့အကြား ပူးပေါင်းဆောင်ရွက်လျက်ဟိသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ချ်အာဏာပိုင်များသည် ကုန်ခသည့် ဩဂတ်စ် ၂၅ ရက်နိကလည်း ကော့ဇ်ဘဇားမြို့ဟိ Marine Beach Villa အပန်းဖြေစခန်းကို ဝင်ရောက်စီးနင်းခရာ ကျားဖျန့်လုပ်သားအများအပြား ထွက်ဗြီးလွတ်မြောက်ခပြီး ကျားဖျန့်လုပ်ငန်းတွင် အသုံးပြုနီသည့် ကွန်ပျူတာများ၊ ဖုန်းများ အပါအဝင် နည်းပညာပစ္စည်းအများအပြား သိမ်းဆည်းရမိခကြောင်း သိရသည်။

ယင်းအပြင် အဆိုပါစီးနင်းမှုအတွင်း တရုတ်ရဲတပ်ဖွဲ့တံဆိပ်များ၊ တရုတ်ရဲတပ်ဖွဲ့ဝတ်စုံများနန့် တရုတ်အလံရို့ကိုပါ ရှာတွိခသည်။

ယင်းကျားဖျန့်လုပ်သားများသည် ၂၀၂၄ ခုနှစ်၊ မာ့ချ်လ ၁ ရက်နိမှစ၍ ဘင်္ဂလားဒေ့ချ်နိုင်ငံထဲသို့ အသီးသီးဝင်ရောက်ခပြီး ဧပြယ်လမှစတင်ကာ ကော့ဇ်ဘဇားဟိ ဟိုတယ်များ၊ နီအိမ်များကို ငှားရမ်း၍ အခြီစိုက်ခကြောင်း ဖော်ထုတ်နိုင်ခသည်။

ဖမ်းဆီးရမိခသည့် ကျားဖျန့်လုပ်သား ၆ ဦးကို စပ်တမ်ဘာ ၄ ရက်နိတွင် ရာမူးရဲစခန်း၌ အမှုဖွင့်ခပြီး စပ်တမ်ဘာ ၅ ရက်နိတွင် တရားရုံးအမိန့်ဖြင့် ထောင်သို့ပို့ဆောင်ခကြောင်း သိဟိရသည်။

Source – Fraud network scatters after Cox’s Bazar raid / The Daily Star
300 Chinese people set up bases in Cox's Bazar to conduct cybercrimes / Newage

Photo – The Daily Star
👍1
September 8, 2026 911 2