အာရက္ခပြည်ဖက်သို့ တင်ပို့မည့် ဓာတ်မြီသြဇာအိတ် ၃၀၀ ကို BGB ထပ်မံ… — Arakan Princess Media — TG.ME

အာရက္ခပြည်ဖက်သို့ တင်ပို့မည့် ဓာတ်မြီသြဇာအိတ် ၃၀၀ ကို BGB ထပ်မံ ဖမ်းဆီး

APM၊ စပ်တမ်ဘာ ၇/ ၂၀၂၆

ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ အုခီးယားနယ်စပ်မှတဆင့် အာရက္ခပြည်ဖက်သို့ တင်ပို့မည့် ယူရီးယားဓာတ်မြီသြဇာအိတ် ၃၀၀ ကို ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ် ( BGB) က စပ်တမ်ဘာ ၆ ရက်နိတွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

သတင်းများအရ စပ်တမ်ဘာ ၆ ရက်နိတွင် အုခီးယာမြို့နယ်၊ မိုရစ်ချာ ပူးပေါင်းစစ်ဆီးရီးဂိတ်၌ ကုန်တင်ကားတစီးကို ရပ်တန့်စစ်ဆီးခသည်ဟု ဆိုသည်။

အဆိုပါကုန်တင်ကားအတွင်း တင်ဆောင်လာသည့် ယူရီးယားဓာတ်မြီသြဇာအိတ် ၃၀၀ ကို တွိဟိဖမ်းဆီးရမိခခြင်း ဖြစ်ကြောင်း BGB က ပြောကြားသည်။

အဆိုပါဖမ်းဆီးမှုအတွင်း ကုန်သည်တဦးကိုပါ တရားမဝင်ကုန်ပစ္စည်း တင်ပို့ရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခကြောင်းလည်း သိရသည်။

ဘင်္ဂလားဒေ့ချ်အာဏာပိုင်များသည် အာရက္ခပြည်ဖက်သို့ တင်ပို့မည့် ကုန်ပစ္စည်းများအား စစ်ဆီးဖမ်းဆီးမှုများကို အယင်ကထက် တင်းတင်းကြပ်ကြပ်လုပ်ဆောင်လျက်ဟိကာ နိစဉ်ဖမ်းဆီးမှုများလည်း ဟိနီသည်။

စပ်တမ်ဘာ ၆ ရက်နိက ဘိုလာခရိုင်တွင် အာရက္ခပြည်ဖက်သို့ တင်ပို့မည့် ဓာတ်မြီသြဇာ အိတ် ၁၆၀ ကို BCG က ဖမ်းဆီးခသိမ့်သည်။

အလားတူ စပ်တမ်ဘာ ၂ ရက်နိကလည်း အာရက္ခပြည်ဖက်သို့တင်ပို့မည့် ဓာတ်မြီသြဇာအိတ် ၂၂၀ နန့် စပ်တမ်ဘာ ၁ ရက်နိက ဓာတ်မြီသြဇာ အိတ် ၄၁၀ ကို ဖမ်းဆီးခသိမ့်ကြောင်း သိဟိရသည်။

Ref : Fertilizer smuggled to Myanmar amid domestic supply crisis / BD Pratidin

Photo - Courtesy
😡6❤4
September 7, 2026 2K 3