သာလီစွ ညဇာဖက်ပါ ..
ရက္ခိုင်သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၉) ရက် ၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာ ( ၆) ရက်၊ Arakan Princess Media ၏ ညဇာဖက်သတင်းအစီအစဉ် တိကိုတင်ဆက်ထုတ်လွှင့်ပီးလိုက်ပါရေ။
ဒေနိ ညဇာဖက်အစီအစဉ်မာ မြရိပ်ညို နန့် မြတ်သန္တာ ရို့ကသတင်းတိကိုတင်ဆက် ပီးထားကတ်စွာဖြစ်ပါရေ။
ဒေနိ ညဇာဖက်အစီအစဉ်မာ နားထောင်ကတ်ရဖို့ သတင်းတိကတော့ခါ --------
(၁)ကျောက်တော်မြို့နယ်မာ အသက် (၁၄) နှစ်အရွယ် အမျိုးသမီးချေတိကို မုဒိမ်းမှုအပြင် ဓမ္မတာနန့်ဆန့်ကျင်ရေ ကာမစပ်ယှက်မှု ကျူးလွန်သူကို အလုပ်ကြမ်းနန့် ထောင်ဒဏ် အနှစ် (၃၀) အမိန့်ချမှတ် ရေသတင်း၊
(၂) ပုဏ္ဏားကျွန်း၊ တောဖျားချောင်းအတွင်း မျောနီရေ ဝက်သီကောင်တိကို အုပ်ချုပ်ရီးအဖွဲ့တိ နန့် DLEPS ရို့ ပူးပေါင်းဆယ်ယူမြှုပ်နှံ ရေသတင်းနန့်
(၃) အာရက္ခပြည်သို့ တရားမဝင်တင်ပို့ဖို့ ဘိလပ်မြီ၂၉ တန်ကျော် ဘင်္ဂလားဒေ့ချ် ဖမ်းဆီးရေပြည်တွင်းသတင်း အပါအဝင် တခြားထူးခြားရေ ပြည်ပသတင်းတိ နန့် အားကဇတ် သတင်းတိကို တင်ဆက်ပီးထားပါရေ။
Arakan Princess Media ကထုတ်လွှင့်နီရေ အစီအစဉ်တိကို Telegram Channel အပြင် YouTube ,Facebook ရို့မာဝင်ရောက်နားထောင်နိုင်ပြီးကေ မြီပြင်မာ လီလှိုင်းထက်ကလည်း FM Frequency 90.30 MHz က ဖမ်းယူနားထောင်နိုင်ပါရေ။
Arakan Princess Media ၏ အစီအစဉ်တိကို နိစဉ် မိုးထဖက် (၈) နာရီနန့် ညဇာဖက် (၈) နာရီမာ ပုံမှန်ထုတ်လွှင့် တင်ဆက်ပီးနီပါရေ။
အာရက္ခပြည်သူ ပြည်သားရို့အားလုံး ဖီးအန္တရာယ် ကင်းဝီးကတ်ပါစီ။
#APM
# အာရက္ခမင်းသမီးသတင်းမီဒီယာ
#APMFM
===============
YouTube Link: https://www.youtube.com/channel/UC2pqSWqtEsKY1Cxh-u-KelQ
Telegram Channel Link: https://t.me/arakanprincess
5September 6, 2026 1.9K