မဏိပူရတွင် လူမျိုးရီးပဋိပက္ခများကြောင့် ၄ နှစ်ကျော်အတွင်း လူ ၃၀၆… — Arakan Princess Media — TG.ME

မဏိပူရတွင် လူမျိုးရီးပဋိပက္ခများကြောင့် ၄ နှစ်ကျော်အတွင်း လူ ၃၀၆ ဦးထက်မနည်း သီဆုံးပြီး ၄၉ ဦး ပျောက်နီ
 
APM ၊ စပ်တမ်ဘာ ၅ / ၂၀၂၆
 
အိန္ဒိယအရှိမြောက်ဒေသ၊ မဏိပူရပြည်နယ်၌ ၂၀၂၃ ခုနှစ်မှ စတင်ခသည့် လူမျိုးရီးပဋိပက္ခများကြောင့် ၄ နှစ်ကျော်အတွင်း လူ ၃၀၆ ဦးထက်မနည်း သီဆုံးခပြီး ၄၉ ဦး ပျောက်ဆုံးနီကြောင်း မဏိပူရပြည်နယ်အစိုးရမှ စပ်တမ်ဘာ ၄ ရက်နိတွင် ပြောဆိုလိုက်သည်။
 
မဏိပူရပြည်နယ်ဝန်ကြီးချုပ် ဂိုဗိန်ဒက်စ်ကွန်သူဂျမ်၏ ပြောဆိုချက်အရ ၂၀၂၃ ခုနှစ်၊ မေလမှ စ၍ လက်ဟိ ၂၀၂၆ ခုနှစ်၊ သြဂတ်စ်လ ၃၁ ရက်နိအထိ ၄ နှစ်ကျော်အတွင်း ပြည်နယ်တဝန်းဖြစ်ပွားခသည့် လူမျိုးရီးပဋိပက္ခများကြောင့် ၃၀၆ ဦးထက်မနည်း သီဆုံးခပြီး ၄၉ ဦး ပျောက်ဆုံးနီခြင်းဖြစ်သည်။
 
မဏိပူရပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ မေလမှ စတင်ကာ ကသည်းလူမျိုးများနန့် ကူကီး-ဇိုမျိုးနွယ်စုများကြား လူမျိုးရီးအဓိကရုန်းဖြစ်ပွားခပြီး လူပေါင်းရာချီသီဆုံးခရကာ သောင်းနန့်ချီ၍ အိုးမဟိ အိမ်မဟိ ဖြစ်ခရသည်။
 
လက်ဟိအချိန်ထိလည်း သသည်း၊ ကူကီး-ဇိုနန့် နာဂမျိုးနွယ်စုရို့ကြား အချင်းချင်းစိတ်ဝမ်းကွဲကာ လူမျိုးရီးဆန်သည့် ပဋိပက္ခများနန့် ဟိနီတုန်းဖြစ်သည်။
 
အိန္ဒိယအရှိမြောက်ဒေသ၊ မဏိပူရပြည်နယ်တွင် ကသည်းလူမျိုးများသည် ၅၃ ရာခိုင်နှုန်းဖြင့် လူဦးရေအများဆုံးဖြစ်ပြီး နာဂနန့် ကူကီး-ဇိုမျိုးမျိုးနွယ်စုများမာ ၄၀ ရာခိုင်နှုန်းဟိကာ တောင်ပေါ်ဒေသများတွင် နီထိုင်ကတ်ကြောင်း သိဟိရသည်။
 
Source & Photo - 306 killed, 49 remain missing in Manipur violence since May 2023: Home minister / India Today NE
❤2👍2😱1
September 5, 2026 1.2K 1