မင်းဘူးမြို့နယ်တွင် စကမစစ်ကြောင်း သတ်ဖြတ်၍ မသန်စွမ်းအမျိုးသမီး တယောက်… — Arakan Princess Media — TG.ME

မင်းဘူးမြို့နယ်တွင် စကမစစ်ကြောင်း သတ်ဖြတ်၍ မသန်စွမ်းအမျိုးသမီး တယောက် နန့် အချေတယောက်သီဆုံး

APM၊စပ်တမ်ဘာ ၅/၂၀၂၆

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မုတ္တောကြီးရွာမှ မသန်စွမ်းအမျိုးသမီးတယောက် နန့် အချေတယောက်ကို ဂနိ၊စပ်တမ်ဘာ ၅ ရက်နိတွင် အကြမ်းဖက် စစ်ကော်မသျှန်စစ်ကြောင်းမှ တိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမဟိဘဲ ဝင်ရောက်သတ်ဖြတ်ခကြောင်း ဒေသတွင်းသတင်းများ၌ ဖော်ပြချက်အရသိရသည်။

ဂနိ၊ စပ်တမ်ဘာ ၅ ရက်နိ၊ မိုးထ ၆ နာရီအချိန်တွင်  ပေါင်းရွာအတွင်းတပ်စွဲထားသည့် အင်အား ၈၀ ပါအကြမ်းဖက် စစ်ကော်မသျှန် စစ်ကြောင်းက မုတ္တောကြီးရွာကို တိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမဟိဘဲ ၀င်ရောက်စီးနင်းကာ လက်နက်ကြီး၊လက်နက်ချေများဖြင့် ပစ်ခတ်ခကြောင့် ဖော်ပြထား သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် စကားမပြောနိုင်သည့် မသန်စွမ်း အမျိုးသမီး မဝေဝေဌေး (၂၀နှစ်) နန့်  ၁၃ နှစ် အရွယ် မောင်ဝိုင်းလမင်းအောင်ရို့ ၂ ယောက်တွင် ဝမ်းဗိုက်၊ ရင်အုံ၊ လိုင်ပင်း နန့် ခြီထောက်၌ ကျည်ကျဒဏ်ရာများဖြင့်  သီဆုံးခပြီး နောက်ထပ် အသက် ၇ နှစ် အရွယ် မအိသီရိအောင်တွင်လည်း ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရ ကြောင်းသိရသည်။

ပြီးခသည့် သြဂတ်စ်လအတွင်းကလည်း မင်းဘူးမြို့နယ်၊ မန်းချောင်းတလျှောက်က ရွာများကိုအကြမ်းဖက် စစ်ကော်မသျှန်တပ်မှ စစ်ကြောင်းထိုးကာ ပြည်သူ ၃ ယောက်အား သတ်ဖြတ်ပြီး လူနီအိမ်များကို ဖျက်ဆီးကာ ပစ္စည်းများကိုလည်း ယူဆောင်လားခကြောင်း သဟိရသည်။

Photo - BBC Burmese
😢2❤1😱1
September 5, 2026 1.3K