အာရက္ခပြည်သို့ ဓာတ်မြီဩဇာများ တင်ပို့မည့် ကုန်သည် ၃ ဦးကို ဘင်္ဂလားဒေ့ချ်ကမ်းခြီ စောင့်တပ် ဖမ်းဆီး
APM၊စပ်တမ်ဘာ ၄ /၂၀၂၆
ဘင်္ဂလားဒေ့ချ်နိုင်ငံမှ အာရက္ခပြည်ဖက်သို့ ဓာတ်မြီဩဇာများ တင်ပို့မည့် ကုန်သည် ၃ ဦးကို စပ်တမ်ဘာ ၂ ရက်နိ၊ မိုးထဘက်၌ ဘင်္ဂလားဒေ့ချ်ကမ်းခြီစောင့်တပ်ဖွဲ့ (BCG)က ဖမ်းဆီးခကြောင်း BCG လက်ထောက်တပ်မှူး Sabbir Alam Suzan က စပ်တမ်ဘာ ၃ ရက်တွင် ပြောကြားသည်။
စပ်တမ်ဘာ ၂ ရက်နိ၊မိုးထ ၄ နာရီခန့်က စစ်တကောင်းမြို့၊ ဒါဘိရ်ခါလ်ဒေသ၌ BCB ၏ စစ်တကောင်းအခြီစိုက်စခန်းက အထူးစစ်ဆင်ရီး ပြုလုပ်ခခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ဆင်ရီးအတွင်း အာရက္ခပြည်ဖက်သို့ တင်ပို့မည့် တာကာ ၅၅၀,၀၀၀ ခန့်တန်ဖိုးဟိ ဓာတ်မြီဩဇာအိတ် ၂၂၀ အိတ်၊ စုစုပေါင်း အလေးချိန် ၁၁,၀၀၀ ကီလိုဂရမ် (၁၁ တန်) ကို ထရပ်ကားထက်မှ ငါးဖမ်းလှီသို့ လွှဲပြောင်းတင်ဆောင်နီသည့် ကုန်သည် ၃ ဦးကို ဖမ်းဆီးခခြင်းဖြစ်ကြောင်း သ်ိရသည်။
ဖမ်းဆီးရမိသူ ၃ ဦးနန့်တတူ သိမ်းဆည်းရမိသည့် ဓာတ်မြီဩဇာများနန့် ထရပ်ကားကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ဟာလစ်ရှဟာရ် ရဲစခန်းသို့ လွှဲပြောင်းပီးအပ်ထားသည်ဟု ဆိုသည်။
အလားတူ ကုန်ခသည့် ဂျူလိုင် ၂၈ ရက်နိတွင်လည်း ဘင်္ဂလားဒေ့ချ်နိုင်ငံမှ အာရက္ခပြည်ဖက်သို့ ဓာတ်မြီဩဇာနန့် ကုန်ပစ္စည်းများ တင်ပို့မည့် ကုန်သည် ၆ ဦးပါ ဘုတ်တစီးကို ဖမ်းဆီးခကြောင်း BCG မှ ထုတ်ပြန်ထားသည်။
Source-Bangladesh Coast Guard Seizes 11 Tons of Fertilizer Destined for Myanmar, Arrests 3 Suspects/Daily Taknaf
Photo-Daily Taknaf
3
2September 4, 2026 1.9K 3