စစ်တွေခရိုင်၌ အဖျားရောဂါ အဖြစ်များနီသော ရွာ (၃) ရွာနန့် စစ်ယှောင်စခန်း (၂) ခုမှ ပြည်သူ (၆၀၀) နီးပါးအား အာရက္ခပြည်သူ့ကျန်းမာရီးဌာန အခလွတ် ကွင်းဆင်း ဆီးကုသပီး
APM၊ ဩဂတ်စ် ၂၈ / ၂၀၂၆
အာရက္ခပြည်၊ စစ်တွေခရိုင်အတွင်း အဖျားရောဂါ အဖြစ်များနီသော ရွာ (၃)ရွာ နန့် စစ်ယှောင်စခန်း (၂) ခုမှ ပြည်သူ (၅၉၀) ကျော်အား ဩဂတ်စ် ၁၇ ရက်နိမှ ဩဂတ်စ် ၂၁ ရက်နိအထိ (၅) ရက်တိုင်တိုင် အာရက္ခပြည်သူ့ကျန်းမာရီးဌာနက အခလွတ် ကွင်းဆင်း ဆီးကုသပီးခကြောင်း တာဝန်ဟိသူတဦးက ပြောကြားသည်။
ယင်းသို့ ကွင်းဆင်း ဆီးကုသပီးရာ၌ ဆီးကုသပီးခြင်းအပြင် ကျန်းမာရီးအသိပညာပီးခြင်းလုပ်ငန်းများကိုပါ လုပ်ဆောင်ပီးခကြောင်း ၎င်းက ဆို ပါသည်။
စစ်တွေခရိုင်အပြင် အာရက္ခဒေသတခြားခရိုင်များဟိ မြို့၊ရွာများမှ ဒေသခံပြည်သူများကိုလည်း အာရက္ခပြည်သူ့ကျန်းမာရီးဌာနမှ စဉ်ဆက်မပြတ် အခလွတ် ကွင်းဆင်းဆီးကုသပီးလျက်ဟိကြောင်းလည်း သိရသည်။
အာရက္ခပြည်သူ့ကျန်းမာရီးဌာနအနီဖြင့် ယင်းသို့ ကွင်းဆင်းဆီးကုသပီးရာ၌လည်း အဖျားရောဂါသာမက မျက်စိခွဲစိတ်ကုသပီးခြင်း၊ သွားရောဂါဝေဒနာသျှင်များအား ဆီးကုသပီးခြင်း၊ ကာကွယ်ဆီး ထိုးပီးခြင်း၊ အချေနန့် မိခင် ကျန်းမာရီးစောင့်ယှောက်မှုလုပ်ငန်းများ၊ ရောဂါကာကွယ်ထိန်းချုပ်ရီးလုပ်ငန်းများ၊ အခြီခံဆီးကုသပီးခြင်းနန့် အထွေထွေရောဂါများ ကုသပီးခြင်းများကိုပါလုပ်ဆောင်ပီးလျက်ဟိကြောင်းဒေသခံ ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။
Photo - အာရက္ခပြည်သူ့ကျန်းမာရီးဌာန
9
3August 28, 2026 2.5K 4