မင်းတပ်၊ ဝုမ်းခုမ်ရွာကို စကမ ဗုံးကြဲတိုက်ခိုက်၍ အချေများအပါအဝင်… — Arakan Princess Media — TG.ME

မင်းတပ်၊ ဝုမ်းခုမ်ရွာကို စကမ ဗုံးကြဲတိုက်ခိုက်၍ အချေများအပါအဝင် ပြည်သူ ၈ ဦး သီဆုံး၊ ၁၅ ဦး ထိခိုက်ဒဏ်ရာရလားကြောင်း CPU/CPA ထုတ်ပြန်

APM၊ စပ်တမ်ဘာ ၁/၂၀၂၆

ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ရွာကို ဩဂတ်စ် ၃၀ရက်နိ၊ ညဇာ ၅ နာရီခွဲခန့်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခ၍ အချေများ အပါအဝင် ပြည်သူ ၈ ဦး သီဆုံးပြီး (၁၅) ဦးထိခိုက်ဒဏ်ရာရဟိခကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်း ပြည်သူ့တပ်မတော်(CPU /CPA) က ထုတ်ပြန်သည်။

“ဩဂတ်စ် ၃၀ ရက်နိ၊ ညဇာ ၅ နာရီခွဲအချိန်တွင် မင်းတပ်မြို့နယ်၊ မရှိန်းလှော်အုပ်စု၊ ဝုမ်းခုမ်ရွာအား အကြမ်း ဖက် စစ်ကော်မသျှန်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် လီကြောင်းတိုက်ခိုက်မှုကြောင့် မူလတန်းကျောင်းသား ၂ ဦး၊ နဝမတန်းကျောင်းသူ ၁ ဦး၊ စစ်ဖီးယှောင် ၂ ဦး၊ သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံပြည်သူ ၈ ဦး သီဆုံးခပြီး စုစုပေါင်း ပြည်သူ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရဟိခကာ လူနီအိမ်အများအပြားထိခိုက်ပျက်စီးခသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CPU/ CPA ထိန်းချုပ်နယ်မြီဖြစ်သော မင်းတပ်မြို့နယ်နန့် ကန်ပက်လက်မြို့နယ်ရိုတွင် အင်အားအများအပြားနန့် စစ်ကြောင်းထိုးနီသည့် စစ်ကော်မသျှန်တပ်နန့် ချင်းပြည်သူ့တပ်မတော်၊ မဟာမိတ်ပူးပေါင်းတပ်များအကြား ကုန်ခသည့် မေလအလယ်မှစကာ ထိတွိတိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ဟိသည်ဟု ဆိုသည်။

လက်ဟိတွင် စစ်ကော်မသျှန်၏ထိုးစစ်ကို မဟာမိတ်ပူးပေါင်းတပ်များက ခုခံဟန့်တားနိုင်ပြီး စစ်မြီပြင်တွင် အခြေအနီမကောင်းသည့် အကြမ်းဖက်စစ်ကော်မသျှန်သည် တိုက်လီယာဉ်များ၊ Y-12လီယဉ်များ အသုံးပြုကာ အရပ်သားပစ်မှတ်ဖြစ်သော လူနီအိမ်များ၊ စာသင်ကျောင်းများ၊ ဆီးရုံများ၊ ဘာသာရီးအဆောက်အအုံများကို အကြိမ်ပေါင်းများစွာ လီကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ဟိကြောင်း ဖော်ပြထားသည်။

CPU/ CPA အနီဖြင့် ပြည်သူများ၏ အသက်အိုးအိမ်နန့် ဘိုးဘွားပိုင်နယ်မြီများကို အစွမ်းကုန်ကာကွယ်လားမည် ဖြစ်ပြီး မြီပြင်တွင်အထိနာနီသော စစ်ကော်မသျှန်သည် ယှုံးမဲမဲကာ အပြစ်မဟိသော ပြည်သူများအပေါ် သူရဲဘောကြောင်စွာ နိညည့်အချိန်မရွီး လီကြောင်းမှ ဗုံးကြဲမှုများပြုလုပ်နီသည့်အတွက် ပြည်သူများအနီဖြင့် လီကြောင်းရန်ကို အထူး ဂရုစိုက်ကတ်ရန်လည်း CPU/CPA မှ တိုက်တွန်းထားသည်။

Photo – CPU/ CPA ၊ HKL Mindat
😢5❤4
September 1, 2026 2.2K