တိုင်းပြည်ကို စုတ်ပြတ်သွားအောင်လုပ်ခဲ့တယ်။ မတောင်းပန်ဘူး။… — ဆရာစံ — TG.ME

တိုင်းပြည်ကို စုတ်ပြတ်သွားအောင်လုပ်ခဲ့တယ်။
မတောင်းပန်ဘူး။

ဆွေခုနှစ်ဆက်မျိုး ခုနှစ်ဆက် ဆယ်သက်စာ စားမကုန် အောင် ခိုးခဲ့ကြတယ်။ မတောင်းပန်ဘူး။

ရာစုနှစ်ဝက်ကျော် သက်တမ်းရှိတဲ့ ပြည်တွင်းစစ်ကို ဖန် တီးတယ်။ ပြည်တွင်းစစ်နဲ့ လုပ်စားတယ်။ မတောင်းပန်ဘူး။

မဲမဲမြင်ရာ စွတ်ပ-စ်တယ်။ မသေမရှင် အလော-င်းတွေကိုပါ မီးသဂြိုဟ်စက်ထဲ ထိုးထည့်တယ်။ မတောင်းပန်ဘူး။

အာဏာပြန်ရရင်ပြီးရော ဘာသာရေးလူမျိုးရေးမကျန်
ခုတုံးလုပ်ပြီး တိုင်းပြည်မပျက် ပျက်အောင် ဖျက်တယ်။
မတောင်းပန်ဘူး။

လူထုဆန္ဒတစ်ပြားသားမှ မပါဘဲ လွှတ်တော်ထဲကို မျက် နှာပြောင်တိုက်ပြီး ဝင်ထိုင်တယ်။ မတောင်းပန်ဘူး။

ပြည်သူလူထုကို ယီ/းထင်တယ်ဆိုတဲ့ အပေါက်နဲ့ လုပ်ချင် ရာလုပ်တယ်။ မတောင်းပန်ဘူး.........။

အဲ... တယောက်သောသူကတော့ iPad အခက်အခဲကြောင့် ပါဠိဆင့်လေးတစ်ကြောင်း ရိုက်မရတာကို အတိအ လင်း ဝန်ခံတောင်းပန်ခဲ့သတဲ့။ တခုခုအဆင်မပြေတာရှိသွာရင်လည်း ပြည်သူကို သူမက အမြဲတောင်းပန်ခဲ့တာ။

Credit

#Sayarsan
👍47❤6
July 10, 2025 1.5K 3