The Six Triple Eight (2024)
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားနေချိန်မှာ အမေရိကန်စစ်သည်တွေအပြင် အမေရိကန်ပြည်သူတွေမှာပါ ရန်သူတစ်မျိုးနဲ့ ရင်ဆိုင်နေရပါတယ်။အဲဒါကတော့ စစ်မြေပြင်ကနေ အိမ်ကို စာအဆက်အသွယ်လုပ်လို့မရသလို အိမ်ကနေလဲ စစ်မြေပြင်ဆီကို ဆက်သွယ်မရပါဘူး။အဆက်အသွယ်မရလေ အိမ်က မိသားစုဝင်များက စိတ်ပူလေ…စစ်ဌာနချုပ်ကို စောဒကတွေတက်လေ၊စစ်ဌာနချုပ်မှာလည်း စစ်ရေးရည်မှန်းချက်တွေရှိလေတော့ မဖြည့်ဆည်းပေးနိုင်၊ နောက်ဆုံး သမ္မတကတော်နားပေါက်ကြားသွားလေမှ သမ္မတကပါ ဖိအားပေးတောင်းဆိုရပါတော့တယ်။ဒီအခါ နီဂရိုး အမျိုးသမီးတပ်ဖွဲ့ကို ဘယ်သူမှ မအောင်မြင်ခဲ့တဲ့ ဒီ စာဝေရေးတာဝန်ကို ပေးအပ်ခဲ့ပါတယ်။ဘယ်လိုမှ မအောင်မြင်နိုင်ဘူးဆိုတဲ့ အတွေးနဲ့ ပေးအပ်ကြတာဖြစ်ပြီး လေယာဉ်ရုံကြီးတွေနဲ့ အပြည့် စာအစောင်ပေါင်း ၁၇သန်းကိုခြောက်လအတွင်း နီဂရိုးအမျိုးသမီးတပ်ရင်းဟာ အခက်အခဲတွေကြားက အောင်မြင်အောင် ဘယ်လိုဆောင်ရွက်ကြမလဲ ရှုစားရမှာပါ။
Movie Link
https://t.me/MovieMyanmar2172/7901
Forwarded fromMain movie channel

August 31, 2026 88