တစ်ရွာလုံးကအော့ကြောလန်တဲ့ ညီမဖြစ်သူကို အရမ်းချစ်တဲ့… — Anime World — TG.ME

Forwarded fromMAMain movie channel
တစ်ရွာလုံးကအော့ကြောလန်တဲ့ ညီမဖြစ်သူကို အရမ်းချစ်တဲ့

ကောင်လေးတစ်ယောက်ရှိတယ်... နာမည်က "ဗီရူး"...။

တစ်ရွာလုံးမှာ အလွဲဆုံးနဲ့ ပြသနာရှာတတ်လွန်းလို့

ချစ်စနိုးပေးထားတဲ့နာမည်က .. "စူပါဟီးရိုး"...။

ဗီရူးဟာ အကိုကြီး အဖအရာမို့ညီမဖြစ်သူကို ငုံထားမတတ် ချစ်တယ်..။

တစ်နေ့ သူ့ညီမလေးကို တစ်ဖက်ရွာက အမျိုးကောင်းသား ရွယ်တူကောင်လေးနဲ့

စေ့စပ်ပေးပြီး မင်္ဂလာဆောင်အတွက် ဘဏ်မှာစုထားတဲ့ငွေလေးနဲ့ လက်ဖွဲ့ပစ္စည်း

ခန်းဝင်ပစ္စည်းတွေဝယ်ဖို့ မိသားစုလိုက် ချန်နိုင်းမြို့ကို တက်လာခဲ့တယ်..။

ဗီရူးတို့ ချန်နိုင်းမြို့ကို ရောက်ရှိလာချိန်မှာတော့... ချန်နိုင်းမြို့မှာ

ဗုံးဖောက်ခွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ကျီးလန့်စာစားဖြစ်နေတဲ့အချိန်ပေါ့.။

အဖျက်လုပ်ငန်းတွေလုပ်တဲ့ ဖောက်ခွဲရေးစခန်းကို တိတ်တဆိတ်

သတင်းဝင်ယူတဲ့ မီဒီယာသမားသုံးယောက်ဟာ ချန်နိုင်းမြို့မှာ ဖောက်ခွဲမှု သုံးခု

ထပ်ပြီးကျူးလွန်ဦးမယ်ဆိုတဲ့ သတင်းကို အမှတ်မထင်ရသွားတဲ့အချိန်မှာ ...

အဲ့ဒီစခန်းက အမြန်ပြန်ထွက်ခဲ့ပေမယ့် လမ်းမှာတင် သတင်းသမားနှစ်ယောက် အသတ်ခံရပြီး

"ဘရသီ" ဆိုတဲ့ ဂျာနယ်လစ်မလေးတစ်ယောက်သာ အသက်ရှင်ခဲ့ပါတယ်.။

သူတို့ကို လိုက်သတ်တဲ့ လူဆိုးတွေဟာလည်း ကားမီးလောင်ပြီး သေသွားခဲ့ပါတယ်..။

အဲ့ဒီအချိန်မှာ သတိမေ့နေရာက ပြန်လည်လာတဲ့ ဘရသီ မှာ အကြံတစ်ခုရလိုက်ပါတယ်..။

ဒီအကြမ်းဖက်သမားသုံးယောက်ကို သတ်ပစ်တာ စူပါဟီးရိုးဆိုတဲ့သူ ဖြစ်ကြောင်း...

ဇာတ်ကောင်တစ်ခု ဖန်တီးပြီး ခြောက်လှန့်ဖို့ပါပဲ...။

တိုက်ဆိုင်စွာပဲ ထပ်မံကျူးလွန်တဲ့ ဗုံးဖောက်ခွဲမှုတွေမှာ "ဗီရူး"က ဝင်ကယ်ပေးသလိုဖြစ်ပြီး

စူပါဟီးရိုးဆိုတဲ့ လူတစ်ယောက် တကယ်ပဲ ရှိနေပြီလို့ထင်လာတဲ့နောက်မှာ. . .

ဗီရူး တစ်ဖြစ်လဲ စူပါဟီးရိုးဟာ ဖောက်ခွဲမှုတိုင်းမှာ လိုက်ပြီးကယ်တင်နေမလား..?

ဒုစရိုက်လုပ်ငန်းတွေကို ကြိုးကိုင်နေသူကရော ဘယ်သူလဲ...?

ဇာတ်လမ်းက မြူးပြီး အစကနေအဆုံးအထိ မငြီးငွေ့ရပဲ ကြည့်ရှုရမှာပါ။



Movie Link
https://t.me/MovieMyanmar2172/7898
August 31, 2026 71