A Copenhagen Love Story (2025) 📱IMDb Rating __6.3/10… — Anime World — TG.ME

Forwarded fromMAMain movie channel
A Copenhagen Love Story (2025)

📱IMDb Rating __6.3/10

ဒီတစ်ခေါက်မှာတော့ လက်တွေ့ဘဝနဲ့ တစ်သားတည်းဖြစ်အောင် ရိုက်ကူးတင်ဆက်ပြထားတဲ့ ဒိန်းမက်စ‌ကားပြော ရုပ်ရှင်တစ်ကားကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။

ဒီဇာတ်ကားထဲက အဓိကဇာတ်ကောင် မီယာဟာအတော်အသင့် အောင်မြင်နေပြီဖြစ်တဲ့ စာရေးဆရာမတစ်ဦးပါ။ မီယာက ခါတိုင်းဆို မနူးမနပ် တက္ကသိုလ်‌ကျောင်းသားအရွယ်မောင်လေးတွေနဲ့ပဲ တွဲခုတ်လေ့ရှိသူပါ။

ဒါပေမဲ့ သူ့ရဲ့ စာအုပ်မိတ်ဆက်ပွဲနေ့မှာ သူငယ်ချင်းနဲ့အတူပါလာတဲ့ အီမီးဆိုသူနဲ့ဆုံဖြစ်ပြီး ဒိတ်ကြည့်တဲ့အခါ အဆင်ပြေတဲ့အတွက် တွဲဖြစ်သွားပါတယ်။
ကိုယ့်ထက်အသက်ငယ်တဲ့လူတွေနဲ့ပဲတွဲလေ့ရှိတဲ့မီယာက သူနဲ့သက်တူရွယ်တူ ကလေး ၂ယောက်အဖေ အီမီးကိုအတည်တကျချစ်မိသွားပြီး အီမီးနဲ့အတူနေဖို့ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီမှာ အီမီးရဲ့ကလေးနှစ်ယောက်ကိုလည်း သူကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးရင်းနဲ့မှ ကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးတဲ့ရင်သွေးလိုချင်လာတဲ့အတွက် အီမီးနဲ့ အတူ ကလေးယူဖို့ကြိုးစားပါတော့တယ်..

Movie Link
https://t.me/MovieMyanmar2172/7892
August 30, 2026 272