Romeo + Juliet (1996)
IMDb Rating (6.7) / Rotten Tomatoes (72 %)
အကယ်၍များ တစ်ဦးတစ်ယောက်က ကျွန်တော့်ကို အကြီးအကျယ်ဆုံး အချစ်ဝတ္တုတစ်ပုဒ်လို့
မေးလာရင် William Shakespeare ရဲ့ ရိုမီရို ဂျူးလိယက်ကို အရင်ဆုံးသတိရမိမှာပါ။
စစ်မှန်တဲ့ အနုပညာလက်ရာကောင်းတစ်ခုက ခေတ်တွေကို ဖြတ်ကျော်နိုင်တယ်ဆိုသလိုပဲ
Romeo & Juliet ဟာလဲ သက္ကရာဇ်၁၅၀၀ကျော်ကနေ ယနေ့ ၂၀၀၀ကျော်အထိ
ထင်ရှားဆဲ အနုပညာပစ္စည်းတစ်ခုအဖြစ် ဖြစ်တည်နေဆဲပါပဲ
ရှိတ်စပီးယားရဲ့ ရိုမီရို ဂျူးလိယက်ပြဇာတ်ဟာ
Star-Crossed Lover လို့ခေါ်တဲ့ သူက ကိုယ့်အတွက် ကိုယ်က သူ့အတွက် ဖြစ်တည်ပါတယ်လို့
သတ်မှတ်ပြီးသား ချစ်သူ ၂ယောက်ရဲ့ ကြယ်တွေဆီမှာ သတ်မှတ်ပြီးသား ကံကြမ္မာတွေကို လွန်ဆန်ခဲ့တဲ့
ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး " Romeo must die "လို့ပြောတဲ့အထိ အာဃာတအချို့နဲ့ ကမ္ဘာကြီးရဲ့
အကျည်းတန်မှုနဲ့ ချစ်ခြင်းမေတ္တာရဲ့လှပမှုကို အချိုးကျကျ ရောစပ်ထားပါတယ်
ရုပ်ရှင်ပြန်ရိုက်တဲ့အခါမှာလည်း အကြိမ်ကြိမ် Reboot ရိုက်ကူးကြပေမယ့် ဒီနေ့ထိတိုင် ဟောင်းမသွားသေးတဲ့
ရိုမန့်ရုပ်ရှင်တစ်ကားအဖြစ်ရပ်တည်နိုင်ဆဲဖြစ်ပါတယ်
Movie Link
https://t.me/MovieMyanmar2172/7875
Forwarded fromMain movie channel

2August 28, 2026 433 2