“လျှို့ဝှက်စွမ်းအားတို့၏ အဆုံးမဲ့အစပြုရာ”
Super Cupe《MMSUB》
(Chao Neng Lifang)🇨🇳
Genres: Action, Adventure, Fantasy,
Sci-Fi, Supernatural
Solo Leveling နဲ့ ဇာတ်လမ်းခပ်ဆင်ဆင်လို့တောင် ပြောရမလားပါပဲ၊ အက်ရှင်ခန်းတွေကလဲ ရေလည်မိုက်ပြီးကြမ်းပါတယ်။ သာမန်လူငယ်လေးတစ်ယောက်က ထူးဆန်းတဲ့ Cube တစ်ခုကြောင့် ဘဝတစ်ခုလုံးပြောင်းလဲသွားပြီး ချစ်ရတဲ့သူကိုကယ်တင်နိုင်ဖို့အတွက် အန္တာရယ်ခံတွင်းဝကျရောက်ခဲ့ရပုံကို အန်နီမေးရှင်းအလန်းစားနဲ့ ကြည့်ရှုရမှာပါ...
[Chinese Anime]
MC ဖြစ်တဲ့ Wang Xiaoxiu နဲ့ Yao ဆိုတဲ့ကောင်မလေးတို့ဟာ ငယ်ငယ်ကတည်းက အတူကြီးပြင်းလာကြတဲ့ ငယ်သူငယ်ချင်းတွေပါ။ တစ်ရက်မှာတော့ သူငယ်ချင်းတွေစုဝေးကြ အမှန်ပြောကြေးဂိမ်းဆော့ကြရင်းနဲ့ Yao က သူကြိုက်နေတဲ့ကောင်လေးက Wang Xiaoxiu ဖြစ်တယ်ဆိုတာ ဝန်ခံလိုက်ပါတယ်။ အဲဒီမှာတင် Yaoကို ကြိုက်နေတဲ့ လူဆိုးဂိုဏ်းကကောင်က Wang Xiaoxiu ကို တံတားပေါ်ခေါ်ထုတ်ပြီး အနိုင်ကျင့်တာလက်လွန်သွားပြီး Wang Xiaoxiu တစ်ယောက် မြစ်ထဲကိုပြုတ်ကျပါလေရော။ ရေထဲနစ်သွားပြီး သေတော့မယ်ထင်နေတဲ့ Wang Xiaoxiu က ရေထဲမှာ အလင်းရောင်တွေတောက်ပနေတဲ့ စတုရန်းပုံ ကျောက်တုံးလေး (Cube) ကို ကောက်ကိုင်မိချိန်မှာတော့၊ Ironman ရဲ့ AI ဖြစ်တဲ့ Jarvis လိုပဲ အသံတစ်သံပေါ်ထွက်လာပြီး တယ်လီပို့လုပ်လို့ရတဲ့ အစွမ်းတွေ၊ တိုက်ခိုက်စွမ်းရည်တွေ၊ အာရုံခံစွမ်းရည်တွေကို ရုတ်တရက်ပိုင်ဆိုင်သွားပါတယ်။ Cube ကို စတင်အသုံးပြုသူတစ်ယောက်အနေနဲ့ အစွမ်းက နည်းနေသေးတာမို့ နောက်ထပ်အစွမ်းတွေတိုးလာဖို့ဆို တုံ့ပြန်မှုရှိတဲ့ကျောက်တုံးတွေ ထပ်ရှာဖို့လိုအပ်လာပါတယ်။ တစ်ဖက်မှာလည်း ပူပူနွေးနွေးရည်းစားလေးကို နှောက်ယှက်နေတဲ့ လူဆိုးဂိုဏ်းကကောင်တွေအပြင် Cube ရဲ့အကူအညီနဲ့ ကျောက်တုံးတွေကိုရောဘယ်လိုဆက်ရှာမလဲ? နောက်ပြီး ဒီ Cube ရဲ့နောက်ကွယ်ကအကြောင်းအရာက ဘာဖြစ်မလဲ? ဘယ်လိုစိန်ခေါ်မှုပြင်းထန်တဲ့ ရန်သူတွေပေါ်ထွက်လာဦးမလဲဆိုတာ...
- စဆုံးချန်နယ်လင့်ရယူရန် // နှိပ်ပါ
ဆက်သွယ်စုံစမ်းနိုင်ပါသည်။

