Anime series 3《MMSUB》: post #4540 — TG.ME

-
“​ချစ်ခြင်းရာသီရဲ့ ပန်း​တွေပွင့်ဖို့​စောင့်ရချိန်”​🌸


Tada Never Falls in Love《MMSUB》

(Tada-kun wa Koi wo Shinai)🇯🇵

Genres: Romance, Comedy, Slice of Life
🎭

အစပိုင်းမှာတော့ ကျောင်းသားဘဝရဲ့ ပေါ့ပေါ့ပါးပါး rom-com vibe နဲ့ သူငယ်ချင်းတွေကြားက ရယ်စရာအခိုက်အတန့်တွေကို ကြည့်ရမှာပါ။ ဒါပေမဲ့ ဇာတ်လမ်းတဖြည်းဖြည်း ရှေ့ဆက်လာတာနဲ့အမျှ သာမန်အချစ်ဇာတ်လမ်းတစ်ခုထက် ပိုပြီး မဖြစ်နိုင်မှန်းသိရက်နဲ့ ချစ်မိသွားတဲ့ခံစားချက်၊ ကံကြမ္မာနဲ့ ရွေးချယ်မှု​တွေကြားက အချစ် ကို နူးနူးညံ့ညံ့လေး ပြသသွားတဲ့ကားမျိုးပါ...

ဂျပန်ပြည်ကိုအလည်လာတဲ့ နိုင်ငံခြားသူလေးနဲ့ တဒ-ခွန် ဆိုတဲ့ကောင်လေး၊ ပန်းခြံ တခုမှာ အလှဓာတ်ပုံရိုက်ပေးဖို့တောင်းဆိုရင်း ဇာတ်လမ်းစခဲ့ကြတယ်။ တဒ ဆိုတဲ့ ကောင်လေးက အချစ်ဆိုတာကိုစိတ်မဝင်စားပဲ ဓာတ်ပုံရိုက်ဖို့လောက်ပဲ စိတ်အားထက်သန်နေခဲ့တဲ့ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ပါ။ တဲရဲစ ဆိုတဲ့ကောင်မလေးကတော့ ဂျပန်လူမျိုးမဟုတ် ဂျပန်စာကိုမတောက်တခေါက်ပဲပြောတတ်ပြီး ဂျပန် Anime ဖြစ်တဲ့ Rainbow Shogen ကို ကြည့်ပြီး ဂျပန်ကိုအရမ်းလာချင်နေတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။ တဲရဲစ က သူ့အဖော်တစ်ယောက်ဖြစ်တဲ့ အဲလက်စ် လို့ခေါ်တဲ့ကောင်မလေးနဲ့တူတူ ဂျပန်ကိုလာခဲ့တာပါ။ အလည်သက်သက်မဟုတ်ပဲ နှစ်ယောက်လုံးက ဂျပန်မှာ ကျောင်းလာတက်ကြတာ​ပေါ့။ ကျောင်းတက်တော့လဲ တဒ နဲ့ တစ်တန်းထဲ။ အဲ့လိုနဲ့ တဒ တို့ သူငယ်ချင်းအဖွဲ့နဲ့ သူငယ်ချင်းတွေဖြစ်သွားရော...

ဇာတ်လမ်း​ရဲ့သဘောအတိုင်း နောက်မင်းသားတစ်လက်ကတော့ ပါရမယ်လေ။ သူ့နာမည်ကတော့ ချာလစ် တဲ့။ သူကလဲ ပြင်သစ်လူမျိုးပဲ။ တဲရဲစ ရဲ့ ကြင်ယာဖက်အဖြစ် သတ်မှတ်ထားသူပါ။ တစ်နေ့ကျရင် တဲရဲစ က ချာလစ်နဲ့လက်ထပ်ပြီး လာဆမ်ဘတ်ရဲ့ ဘုရင်မဖြစ်မယ့်သူတစ်ယောက်ပေါ့။ ချာလစ်ကလဲ ပြင်သစ်မှာ နွေရာသီကျောင်းပိတ်တော့ ဂျပန်ရောက်နေတဲ့ တဲရဲစ ကို တွေ့ချင်လွန်းလို့ ဂျပန်ကိုလိုက်လာခဲ့တယ်။ တဲရဲစ ရဲ့ မျက်နှာလေးကိုမြင်ချင်လွန်းလို့လာခဲ့တဲ့ ချာလစ်မှာ ဂျပန်လဲ ရောက်ရော မမျှော်လင့်တာ​တွေတွေ့ခဲ့ရတယ်။ ချာလစ်မှာ တဲရဲစ ကိုမတရားချစ်ရှာပါတယ်။ သူ့ဇနီးလောင်းလေး ပျော်ရွှင်ဖို့သာအဓိကဟု စိတ်နှလုံးသွင်းထားသူတစ်ယောက်ပါ။

တဲရဲစ က တဒ နဲ့ချစ်ကျွမ်းဝင်သွားမှာလား? ဒါမှမဟုတ် ဇာတ်ကားနာမည်အတိုင်း တဒ ကလုံးဝမချစ်ခဲ့ဘူးလား? ချာလစ် ကရော တဲရဲစ နဲ့ လက်ထပ်ဖြစ်မှာလား? အဲလက်စ် ကရော ချာလစ်ကိုများကြိုက်နေလား?

ဇာတ်ကားလေးက စိတ်ဝင်စားစရာကောင်းပြီး လူငယ်ဆန်ဆန် ပေါ့​ပေါ့ပါးပါး အချစ်ဇာတ်လမ်း​လေးဖြစ်ပြီး ဟာသလဲ ရောထားတော့ အားလုံးအကြိုက်​တွေ့​စေမှာ​သေချာပါတယ်...


- အပိုင်း တစ် မှ တစ်ဆယ့်သုံး
🤔https://t.me/animemmuser6/949

➖➖➖➖➖➖➖➖➖➖➖

⭐️ချန်နယ်မှာ​ကြော်ငြာထည့်သွင်းလိုပါက telegram acc @HARRINGTON_05✅️သို့
ဆက်သွယ်စုံစမ်းနိုင်ပါသည်။