“မိုရီယာတီ၏ အမှောင်ကမ္ဘာ -
အရိပ်ထဲက တရားမျှတမှု”
Moriarty the Patriot《MMSUB》
(Yukoku no Moriartyi)🇯🇵
ရှားလော့ခ်ပရိသတ်တွေဆိုရင် ဒီဘဲအကြောင်းကိုသိကြမှာပါ။ ရှားလော့ခ်နဲ့ သူတင်ကိုယ်တင် ဉာဏ်ရည်ယှဉ်ခဲ့တဲ့အပြင် နောက်ဆုံးရှားလော့ခ်ကိုပါ ရေတံခွန်ထဲဆွဲချပြီးဇီဝိန်ခြွေပြခဲ့တဲ့ဘဲကြီးပါ။ ရှားလော့ခ်ကိုမသိကြရင်တောင် ရှားလော့ခ်ဇာတ်လမ်းတွေကို 80%မှီငြိမ်းထားတဲ့ မင်းသိင်္ခရဲ့မြန်မာကျော် ဆားပုလင်းနှင်းမောင်ဝတ္ထုမှာပါတဲ့ ဆားပုလင်းနှင်းမောင်ကိုသေနတ်နဲ့ပစ်ပြီးလုပ်ကြံခဲ့တဲ့ ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားဆိုတာဟာ မိုရီအားတီကိုမှီငြိမ်းထားတဲ့ ဇာတ်ကောင်ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ရှားလော့ခ်ကိုအဓိကဇာတ်ကောင်အနေနဲ့တည်ထားတဲ့ ဇာတ်လမ်းတွေပဲထွက်လေ့ရှိပေမယ့် ဒီ animeလေးမှာတော့ ရှားလော့ခ်ရဲ့ရန်သူတော်ကြီးမိုရီယာတီရဲ့ ဉာဏ်ကစားပုံတွေ၊ အစီအစဉ်ဆွဲပုံတွေကို အဓိကပြထားတာပါ...
Genres: Crime, Mystery, Historical
19 ရာစုအနှောင်းပိုင်းလောက်မှာ ဗြိတိသျှအင်ပါယာကြီးက ကမ္ဘာကြီးကို အုပ်စိုးနိုင်လောက်တဲ့အထိ အင်အားကြီးမားခဲ့ပါတယ်။ လူတန်းစားခွဲခြားမှု ဆိုတာကြီးရှိနေတဲ့အချိန် 'အနည်းငယ်သော လူလတ်တန်းစားတွေသာ အမြင့်ကို တတ်လှမ်းနိုင်ပါတယ်' ဆိုတဲ့ ဆုံးဖြတ်ခွင့်ရှိတဲ့ မူးမတ်တွေသာအုပ်စိုးနေတဲ့ကာလဖြစ်ပါတယ်။ Moriarty မိသားစုရဲ့ ဒုတိယသား William James Moriarty ဟာ ကလေးဘဝတည်းက ညဏ်ကောင်းပြီးတော့ ပရိယာယ်များတယ်။ အသက်ကြီးလာတဲ့ အခါအရမ်းတော်တဲ့ သင်္ချာပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ Williamဟာ လူတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာကို ငယ်ငယ်တည်းကကောင်းကောင်းကြီး နားလည်တယ်။ ပြီးတော့ လူတွေရဲ့ ပြသနာတွေ ဖြေရှင်းပေးရတာကိုလည်း သဘောကျတဲ့ လူတစ်ယောက်ပါ။ ဒါအပြင် Williamဟာ ရိုးရှင်းတဲ့ ဘဝမှာနေနိုင်ရတာ ကိုနှစ်သက်တယ်။ ကျောင်းမှာ Professor အလုပ်အပြင် William ဟာ လူသိများတဲ့ private အကြံပေးတစ်ယောက်အဖြစ်လဲအလုပ်လုပ်ပါတယ်။ William ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ အကျင့်ပျက်ခြစား အနိုင်ကျင့်ခံနေရတာတွေကို ဒီကမ္ဘာကြီးကနေ ပျောက်ကွယ်ပြီး ကမ္ဘာသစ်ထူထောင်ဖို့ တစ်ခုတည်းပါ။
ဒီanimeလေးဟာ Author 'Conan Doyle'ရဲ့ 'နပိုလီယန်၏ရာဇဝတ်မှုများ'ဆိုတဲ့ စာအုပ်ထဲက William ရဲ့အကြောင်းကို ထင်ရှားပေါ်လွင်စွာရေးပြထားတဲ့ ဇာတ်ကားလေးပါ။ ဒါ့အပြင် William ဟာဒီလောကကြီးကို ဘယ်လိုပြောင်းလဲခဲ့တယ်၊ သူဘယ်လိုတွေပြင်ဆင်ခဲ့တယ်၊ ရာဇဝတ်မှုတွေရဲ့ အကြံပေးတစ်ယောက် ဘယ်လိုဖြစ်လာတယ်ဆိုတာ ကို ကောင်းကောင်းကြီး ခံစားကြည့်ရှုရမှာဖြစ်ပါတယ်...
- အပိုင်း ၁ မှ ၂၄ စဆုံး
ဆက်သွယ်စုံစမ်းနိုင်ပါသည်။

