“ကြောင်တေလေးတို့ စားသောက်ဆိုင်”
Red Cat Ramen《MMSUB》
(Ramen Akaneko)🇯🇵
ဒီ anime လေးရဲ့အရသာက ဇာတ်လမ်းကြီးကြီးမားမား၊ တိုက်ခိုက်ခန်းတွေထက် နေ့စဉ်ဘဝလေးတွေ၊ ကြောင်တွေရဲ့ personality နဲ့ ဆိုင်ကိုလာတဲ့ customer တွေရဲ့ လူမှုဘဝအကြောင်းတွေကို နွေးနွေးထွေးထွေး ကြည့်ရမဲ့ပုံစံပါ။ ကြည့်ပြီး စိတ်အေးသွားစေတဲ့ healing anime မျိုးလို့ပြောလို့ရတယ်။ ကြောင်ချစ်သူအပေါင်း လက်မလွှတ်သင့်ဘူးနော်...
Genres: Comedy, Slice of Life
လူတွေနဲ့မဟုတ်ဘဲ ကြောင်တွေချည်းပဲ လည်ပတ်နေတဲ့ Ramen ဆိုင်လေး တစ်ဆိုင်ရှိပါတယ်။ အဲဒီဆိုင်မှာ အလုပ်ဝင်ဖို့အတွက် Tamako ဆိုတဲ့ မိန်းကလေးတစ်ယောက် လာလျှောက်တဲ့အခါ “ကြောင်တွေကို သဘောကျလား” လို့ မေးခံရပါတော့တယ်။ ဒါပေမဲ့ Tamako က မလိမ်ဘဲ “ခွေးကိုပိုကြိုက်တယ်” လို့ ဖြေလိုက်တာကြောင့် ဆိုင်က သူမကို ပိုသဘောကျပြီး အလုပ်ခန့်လိုက်ပါတယ်။ အစပိုင်းမှာတော့ ခေါက်ဆွဲဆိုင်မှာ အလုပ်လုပ်ရမယ်လို့ ထင်ထားပေမဲ့ တကယ်တမ်းမှာတော့ ကြောင်တွေရဲ့ အမွေးဖြီးပေးတာ၊ အစားအသောက်ပြင်ဆင်ပေးတာနဲ့ ဆိုင်အလုပ်တွေကိုပါ တဖြည်းဖြည်း တာဝန်ယူလာရပါတယ်။ ဆိုင်မှာရှိတဲ့ ကြောင်တစ်ကောင်ချင်းစီကလည်း ကိုယ်ပိုင်စရိုက်နဲ့ ကိုယ်ပိုင်အကြောင်းတွေရှိနေပြီး ဆိုင်ကိုလာတဲ့ Customer တွေရဲ့ဘဝနဲ့လည်း တဖြည်းဖြည်း ဆက်စပ်လာပါတယ်။ ဒီလိုနဲ့ Tamako တစ်ယောက် ကြောင်တွေနဲ့အတူ Ramen ဆိုင်လေးမှာ အလုပ်လုပ်ရင်း ကြုံတွေ့လာရတဲ့ နေ့စဉ်ဘဝ အဖြစ်အပျက်လေးတွေကနေ ရယ်စရာ၊ နွေးထွေးစရာနဲ့ စိတ်အေးချမ်းစရာအခိုက်အတန့်လေးတွေ ဖြစ်လာပါတော့တယ်...
Private ချန်နယ်လေးမို့ အရင်ဂျွိုင်းပြီးမှ anime ကြည့်ရန်ဆိုတာလေး နှိပ်ပေးပါဗျ
- ချန်နယ်အရင် ဂျွိုင်းရန်
https://t.me/+qQC1PfGnAGM0Mzc1
- Anime ကြည့်ရန်
https://t.me/c/2565444214/395
ဆက်သွယ်စုံစမ်းနိုင်ပါသည်။
