စစ်ပွဲနောက်ခံ GL ကားလေး အပိုင်း 8 ရပြီနော်...
I Want to Love You Till Your Dying Day [2026]
(Kimi ga Shinu made Koi wo Shitai)🇯🇵
"မင်းရဲ့နောက်ဆုံးနေ့အထိ မင်းကိုချစ်နေမယ်"
ဒီanimeလေးက Dark Fantasy/ Drama/ Romance/ Yuri အမျိုးအစားဖြစ်ပြီး စစ်ပွဲအတွက် ကလေးတွေကို လူသားလက်နက်အဖြစ် လေ့ကျင့်ပေးတဲ့ ကျောင်းတစ်ကျောင်းကို နောက်ခံထားပါတယ်။ အေးချမ်းမှုကို တောင့်တတဲ့ ကောင်မလေး Sheena နဲ့ 6သခြင်းကို မကြောက်ဘဲ အမြဲပြုံးနေတတ်တဲ့ မိန်းမငယ်လေး Mimi တို့ တွေ့ဆုံရာကနေ ဇာတ်လမ်းစပါတယ်။ စစ်ပွဲ၊ 6သဆုံးမှု၊ စိတ်ဒဏ်ရာနဲ့ အချစ်တို့ကို လေးလေးနက်နက် ရိုက်ကူးထားတဲ့ series ကောင်းလေးမို့ လက်မလွှတ်သင့်ပါဘူးနော်...
GL Anime
Sheena Totsuki ရဲ့အခန်းဖော်6သဆုံးမှုကို အတန်းထဲမှာ သာမန်လိုပဲကြေညာသွားပြီး နေ့တစ်နေ့ကုန်ဆုံးသွားပြန်ပါတယ်။ ဘာလို့လဲဆိုရင်တော့ ဒီမိဘမဲ့ကျောင်းဟာ တကယ်တော့ ကလေးတွေကို စစ်သားတွေအဖြစ် ပျိုးထောင်နေတဲ့ကျောင်းမို့ ဒီကျောင်းမှာ "6သဆုံးတယ်"ဆိုတဲ့စကားက ရိုးနေကြတာပေါ့။ နှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့ စစ်ပွဲဟာ ပြီးဆုံးမဲ့အရိပ်အယောင်လည်း မရှိသလို ကလေးတွေကို နေ့တိုင်း စစ်ပွဲကိုပို့နေတာမို့ Sheena ကတော့ စစ်ပွဲကိုအမြန်အဆုံးသတ်ချင်နေတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ Sheena တစ်ယောက် သူ့အခန်းဖော်သေဆုံးတဲ့ညမှာ 6သွးတွေအပြည့်နဲ့ ကောင်းမလေးတစ်ယောက်ကို တွေ့ခဲ့ပြီး နောက်ရက်ပိုင်းအကြာမှာပဲ အဲဒီကောင်မလေးဟာ သူ့အခန်းဖော်အသစ်အနေနဲ့ သူ့ဆီရောက်လာလေရဲ့။ Mimi Kagari ဆိုတဲ့ ဒီအခန်းဖော်သစ်လေးဟာ တကယ်တော့ ဒီမိဘမဲ့ကျောင်းရဲ့ 6သလို့မဖြစ်တဲ့ လျှို့ဝှက်လက်နက်တစ်ခု ဖြစ်နေပါတယ်ဆိုတဲ့အကြောင်း Sheena ဟာ မကြာခင်ပဲ သိသွားရပါတော့တယ်။ ဒါဆို ဒီထူးဆန်းတဲ့ Mimi Kagari က ဘယ်သူလဲ? Sheena နဲ့ရော ရှေ့ဆက်ဘယ်လိုပူးပေါင်းသွားကြမလဲဆိုတာ...
- အပိုင်းရှစ်ကြည့်ရန် || လင့်
ဆက်သွယ်စုံစမ်းနိုင်ပါသည်။


