ပင်လယ်ဓားပြ မင်းသမီးလေး ‌Fena” Fena: Pirate Princess《MMSUB》 (Kaizoku… — Anime series 3《MMSUB》 — TG.ME

-
“​ပင်လယ်ဓားပြ မင်းသမီးလေး ‌Fena


Fena: Pirate Princess《MMSUB》

(Kaizoku Oujo)🇯🇵

ဇာတ်လမ်း​လေးက Fena Houtman ဆိုတဲ့ ပင်လယ်ဓါးပြမျိုးနွယ်ဝင် မိန်းမငယ်​လေးအ​ကြောင်းကို စိတ်ဝင်စားဖွယ် စီး​မျောရမှာပါ။ Romance, Mystery, Historical, Fantasy vibe ကို 18ရာစု​နောက်ခံဇာတ်အိမ်တည်ထားပြီး Japanese samurai တွေနဲ့ Pirate adventure ကို တစ်ခါတည်းတွေ့ရတာကလည်း ဆွဲဆောင်မှုရှိတာမို့ ​သေချာ​ပေါက်လက်မလွှတ်သင့်တဲ့ ဇာတ်လမ်း​​ကောင်း​​လေးတစ်ပုဒ်လို့ ညွှန်း​ပေးပါရ​စေ...


ဒီဇာတ်လမ်းလေးကတော့ “​ပင်လယ်ဓားပြ မင်းသမီးလေး ‌Fena” ဖြစ်ပါတယ်။ ကဲဇာတ်လမ်းလေးကိုအစချီကြရအောင်။ လွန်ခဲ့သော ၁၀နှစ်အကြာက ပင်လယ်ဓားပြအုပ်စုရဲ့‌ခေါင်းဆောင်ကြီး Frantz Houtman ရဲ့သင်္ဘော တခြားပင်လယ်ဓားပြအုပ်စုရဲ့ ဝင်ကောက်စီးနင်းခြင်းခံရပြီးတော့ အသ@တ်ခံခဲ့ရပါတယ်။ Frantz Houtman ဟာ သူ့ရဲ့သမီးလေး Fena ကို အသက်ကယ်လှေလေးနဲ့ ထွက်‌ပြေးလွတ်မြောက်အောင် လွှတ်ပေးလိုက်ပါတယ်။ Fena လေးဟာ Shangri-La ဒေသရဲ့ကမ်းစပ်မှာသောင်တင်နေပြီးတော့ မိဘမဲ့အဖြစ် ခေါ်ယူမွေးစားခြင်းခံထားရပါတယ်။ Fena လေးဟာ Shangri-La‌ ဒေသက‌နေထွက်ခွာဖို့အတွက်‌ ငွေလိုတဲ့အတွက် သူ့ခန္ဓာကိုယ်ကို လေလံတင်ရောင်းချရပါတော့တယ်။ ဝယ်ယူတဲ့သူဟာ‌ အထက်တန်းစားမျိုးနွယ်စုကဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ခန္ဓာကိုယ်ကို အခြားယောက်ျားတစ်ယောက်ကို‌ ပေးဆပ်ရမှာမကြိုက်တဲ့အတွက် လွတ်မြောက်ဖို့ထွက်ပြေးဖို့ ကြံစည်ပါတော့တယ်။ အဲ့အချိန်မှာ သူ(မ)ရဲ့အဖေ Frantz Houtman ရဲ့တပည့်နှစ်ယောက်က သူ့ကိုလာကယ်တာနဲ့ကြုံရပြီး ထွက်ပြေးလို့အဆင်‌ပြေသွားပါတယ်။ သို့သော်လည်း ထွက်ပြေးရာမှာ အထက်တန်းစားတစ်‌ယောက်ရဲ့ လိင်ကျွန်ဟာ လွတ်‌ထွက်‌ပြေးတယ်ဆိုပြီး ပုလိပ်တွေက လိုက်ဖမ်းပါ‌တော့တယ်။ ပုလိပ်တွေလက်ထဲကနေ လွတ်မြောက်အောင်လို့‌ ကောင်‌လေးတစ်‌ယောက်က ကယ်‌ပေးခဲ့ပါတယ်။ အဲ့‌ကောင်‌လေးက‌တော့ သူ့အ​​​ဖေသင်္ဘောပေါ်မှာတုန်းက ငယ်ပေါင်းကြီးဖော်သူငယ်ချင်းလေးတစ်ယောက်ပါ။ ဒီလိုနဲ့ပဲ အဲ့ကောင်လေးနဲ့ဆုံတွေ့ပြီးတော့ Fena အဖေပေးခဲ့တဲ့ အကြည်ရောင်ကျောက်မြက်ပြားလေးကို Fena လေးရပါတော့တယ်။ နောက်ဆုံးအချိန်မှာ Fena အဖေပြောခဲ့တဲ့ “Edenဆီရောက်အောင်သွား” ဆိုတာကရောဘာလဲ? Eden ဆိုတာဘယ်လိုနေရာမျိုးလဲ? လမ်းခရီးမှာရော ဘယ်လိုအခက်အခဲတွေကြုံရမလဲ? ဘယ်လိုစွန့်စားခန်းတွေနဲ့ ဇာတ်လမ်းအဆုံးထိချီသွားမလဲဆိုတာကို Animationလှလှလေး နောက်ခံတေးလှလှလေးတွေနဲ့ ခံစားကြည့်ရှုလိုက်ပါဦးဗျာ...


Private ချန်နယ်​​လေးမို့ အရင်ဂျွိုင်းပြီးမှ anime ကြည့်ရန်ဆိုတာ​လေး နှိပ်​ပေးပါဗျ
📌

- ချန်နယ်အရင် ဂျွိုင်းရန်🔗
https://t.me/+qQC1PfGnAGM0Mzc1

- Anime ကြည့်ရန်
🔽
https://t.me/c/2565444214/379


➖➖➖➖➖➖➖➖➖➖➖

⭐️ချန်နယ်မှာ​ကြော်ငြာထည့်သွင်းလိုပါက telegram acc @HARRINGTON_05✅️သို့
ဆက်သွယ်စုံစမ်းနိုင်ပါသည်။
❤3
August 24, 2026 401 10