အိပ်မက်တို့ရဲ့ ကခုန်သံ”​ 🎶 Welcome to the Ballroom《MMSUB》 (Ballroom… — Anime series 3《MMSUB》 — TG.ME

-
“​အိပ်မက်တို့ရဲ့ ကခုန်သံ”​ 🎶


Welcome to the Ballroom《MMSUB》

(Ballroom e Youkoso)🇯🇵

အကအကြောင်း ဘာမှမသိတဲ့ ကောင်လေးတစ်ယောက်ကနေ တကယ့်အကသမား​ကောင်းတစ်​ယောက် ဖြစ်လာတဲ့အထိ ကြိုးစားသွားပုံ​တွေ၊ လူငယ်ဘဝ၊ ပြိုင်ဆိုင်မှုနဲ့ အိပ်မက်တွေအကြောင်း Dance Anime တစ်ခုပါ။ ကိုယ်တကယ်ဝါသနာပါတဲ့အရာကို ရှာတွေ့သွားတဲ့ feeling မျိုး၊ Character Growth ကြိုက်တဲ့သူတွေအတွက် ကြည့်ရကျိုးနပ်မဲ့ Anime တစ်ကားပါ...


Genres: Sports (Dance), Drama, Coming-of-Age, Romance
🎭

အထက်တန်းကျောင်းသား​လေး Tatara ဟာ ကိုယ်ဘာလုပ်ချင်မှန်းမသိ၊ ထူးထူးခြားခြား ရည်မှန်းချက်လည်းမရှိတဲ့ သာမန်လူငယ်လေးတစ်ယောက်ပါ။ တစ်နေ့မှာတော့ မတော်တဆ Ballroom Dance သင်တန်းကျောင်းတစ်ခုထဲ ရောက်သွားပြီး အကသမားတွေရဲ့ အံ့အားသင့်စရာကမ္ဘာကို စတင်မြင်တွေ့ခဲ့ပါတယ်။ အစပိုင်းမှာ အကအကြောင်း ဘာမှမသိတဲ့ Tatara ဟာ ထူးချွန်တဲ့အကသမား Hanaoka Sengoku ကိုတွေ့ပြီးနောက် Ballroom Dance ကို စိတ်ဝင်စားလာခဲ့ပါတယ်။ စင်ပေါ်မှာ ကခုန်နေတဲ့သူတွေရဲ့ အားထုတ်မှု၊ ပြိုင်ဆိုင်မှုနဲ့ အကထဲက စိတ်ခံစားချက်တွေကို မြင်လာရင်း သူ့ဘဝမှာ ပထမဆုံးအကြိမ် “ငါလည်း တစ်ခုခုကို တကယ်ကြိုးစားချင်တယ်” ဆိုတဲ့ ရည်မှန်းချက်တစ်ခု ရလာခဲ့ပါတယ်။ ဒါပေမယ့် Ballroom Dance က သီချင်းဖွင့်ပြီး လွတ်လွတ်လပ်လပ်ကတာမျိုး မဟုတ်ပါဘူး။ Partner နဲ့ ခြေလှမ်းတိုင်းကို ညှိရသလို ပြိုင်ပွဲတစ်ခုချင်းစီမှာလည်း ကိုယ့်ထက်နှစ်ပေါင်းများစွာ လေ့ကျင့်ထားတဲ့ အကသမားတွေနဲ့ ရင်ဆိုင်ရပါ​တော့တယ်။ အကအကြောင်း ဘာမှမသိတဲ့ ကောင်လေးတစ်ယောက်ကနေ တကယ့်အကသမားတစ်ယောက်ဖြစ်လာဖို့ Tatara ဘယ်လောက်အထိ ကြိုးစားသွားမလဲ? သူ့ရဲ့ခြေလှမ်းတွေက ဘယ်အထိရောက်လာမလဲဆိုတာကို ကြည့်ရှုရမယ့် လူငယ်ဘဝ၊ ပြိုင်ဆိုင်မှုနဲ့ အိပ်မက်တွေအကြောင်း Dance Anime တစ်ခုပါ...


➡️➡️စဆုံးကြည့်ရန်နှိပ်ပါ

➖➖➖➖➖➖➖➖➖➖➖

⭐️ချန်နယ်မှာ​ကြော်ငြာထည့်သွင်းလိုပါက telegram acc @HARRINGTON_05✅️သို့
ဆက်သွယ်စုံစမ်းနိုင်ပါသည်။
August 24, 2026 358 1