"အမြစ် အညွန့် မတွန့်စေရ ယတြာ"
ဘုရားတွင် ကပ်လှူပူဇော်ရန် အမြစ်၊အညွန့်၊အရွက်များ
(၁) တနင်္ဂနွေသားသမီးအတွက် = ဒန်းကြီး
(၂) တနင်္လာသားသမီးအတွက် = ဩဇာ
(၃) အင်္ဂါသားသမီးအတွက် = ခရေ
(၄) ဗုဒ္ဓဟူးသားသမီးအတွက် = စိန်ပန်း
(၅) ကြာသပတေးသားသမီးအတွက် = လောက်သေ
(၆) သောကြာသားသမီးအတွက် = ပိတောက်
(၇) စနေသားသမီးအတွက် = သစ်အယ်
(စနေအတွက် သစ်အယ် အရွက်၊အညွန့် ရရှိရန်ခက်ခဲသဖြင့် သဲအိုးတွင် အုန်းညွန့်ထိုး၍ ကပ်လှူရမည်ဖြစ်သည်။
ကပ်လှူပူဇော်ပုံ🙏
ဘုရားစံကျောင်းဆောင်တော်တွင် မြတ်စွာဘုရား၏ညာဘက် (မိမိလက်ဝဲဘက်)၌ သီးခြားပန်းအိုးတစ်လုံးဖြင့် ကပ်လှူရန်ဖြစ်သည်။ လိုအပ်သည့် တစ်ချိန်ချိန်အတွက်သော်လည်းကောင်း၊ အမြဲတမ်းအတွက်သော်လည်းကောင်း ကပ်လှူထားနိုင်ပါသည်။
၎င်းပန်းညောင်ရေအိုးသည် ဆင်စွယ်ရောင်၊ ပုလဲရောင်၊ အပြာနု၊ စိမ်းပြာရောင် တစ်ခုခုဖြစ်ပါစေ။ ၎င်း(၇)နေ့နံသားသမီးများအတွက် အမြစ်၊အညွန့်၊ ပညတ်ခိုက်သောအရွက်၊ အညွန့်များကို ကပ်လှူပူဇော်ဆုတောင်းရာတွင် မ-ဂဏန်း အရေအတွက်ဖြစ်သော (၁)ညွန့်၊ (၃)ညွန့်၊ (၅)ညွန့်၊ (၇)ညွန့်၊ (၉)ညွန့်၊ (၁၁)ညွန့် အရေအတွက် တစ်ခုခုဖြင့် ကပ်လှူရမည်။
အကျိုးကျေးဇူးများ☝️
ဘေးအန္တရာယ်အမျိုးမျိုးမှ အကာအကွယ်ရခြင်း၊ ရန်သူမျိုးငါးပါးဘေးမှ အကာအကွယ်ရခြင်း၊ ကံမြင့်ကံတက်စေခြင်းတို့ ရရှိနိုင်ပါသည်။
မှတ်သားဖွယ်ရာများ👈
(၇)နေ့ သားသမီးများအတွက် အမြစ်၊အညွန့် ပညတ်ခိုက်သည့် သစ်သားများဖြင့် တစ်သက်တာ ဆုတောင်းပြည့် ဘုရားအနေဖြင့် ထုလုပ်ကိုးကွယ်နိုင်လျှင် ပို၍ကောင်းပါသည်။ (၇)နေ့ သားသမီးတို့အတွက် အမြစ်၊အညွန့်သား (၉)လုံး ပုတီးစိပ်ခြင်း၊ ဆောင်ခြင်းအားဖြင့်လည်း အကျိုးထူးစေပါသည်။
လမင်းအောင်
ဧကံသဗျာကရဏဗေဒ
ဣစ္ဆာသယမဟိဒ္ဓိစေ









