ပညာသင်နှစ်အသစ်မှာ သားသားမီးမီးတို့အားလုံး အင်္ဂလိပ်စာကို… — Accurate English For Learners — TG.ME

ပညာသင်နှစ်အသစ်မှာ သားသားမီးမီးတို့အားလုံး အင်္ဂလိပ်စာကို အားသွန်ခွန်စိုက် သင်ယူနေပြီနော်။
သင့်ကလေးရော

ကမ္ဘာကျော် Oxford ၊ Cambridge သင်ရိုးညွှန်းတမ်းတွေနဲ့ အိမ်ကနေပဲ ဘေးကင်းလုံခြုံစွာ အင်္ဂလိပ်စာသင်ယူနိုင်ဖို့ သင့်ကလေးအတွက် Accurate English ရဲ့Online English Class တွေကို တန်းခွဲသစ်တွေ ဖွင့်လှစ်ပေးသွားတော့မယ်နော်။

Pre-Starters Class

အင်္ဂလိပ်စာကို ပထမဆုံး စတင်လေ့လာမယ်။ ကလေးကို ပျင်းမသွားအောင် အင်္ဂလိပ်စာနဲ့ တစ်ခါတည်း ရင်းနှီးသွားအောင်၊ အင်္ဂလိပ်လို ပြောဖို့ရေးဖို့ မကြောက်အောင် သင်ပေးမယ့်အတန်းမျိုး ရှာဖွေနေတဲ့ ဖေဖေမေမေများအတွက် အသင့်တော်ဆုံးအတန်းဖြစ်ပြီး ကလေးတို့ရဲ့ Attention Span နဲ့ ကိုက်ညီမယ့် သင်ခန်းစာလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် သင်ယူရမှာပါ။

Starters Class

အလွတ်ကျက်မှတ်ဖို့ထက် ကလေးကို အင်္ဂလိပ်လို သက်သောင့်သက်သာနဲ့ ပြောနိုင်ရေးနိုင်လာအောင် ခိုင်မာတဲ့ Foundation တစ်ခု ချပေးချင်တဲ့ မိဘများ ရွေးချယ်သင့်ပြီး တစ်ပွဲတိုးမဟုတ်ဘဲ ရေရှည်တတ်မြောက်မှုအတွက် အခြေခံကောင်းတွေ ရှိသွားစေမယ့် အတန်းဖြစ်ပါတယ်။

Movers Class

အင်္ဂလိပ်စာ အခြေခံပိုင်နိုင်ဖို့၊ Basic Tense တွေကို စနစ်တကျအသုံးပြုလာနိုင်ဖို့နဲ့ Basic Level မှာ ကျွမ်းကျင်နေရမယ့် 4 Skills ၊ Grammar ၊ Vocabulary တွေကို ကျွမ်းကျင်လာဖို့အတွက် တက်ရောက်သင့်တဲ့အတန်းဖြစ်ပြီး Starters Class ပြီးမြောက်ထားသူများအတွက် သင့်တော်ပါတယ်။

Flyers Class

အင်္ဂလိပ်စာ အခြေခံပိုင်နိုင်ပြီးသား (သို့) Movers Class ပြီးဆုံးထားတဲ့ ကလေးများအတွက် ပိုမြင့်တဲ့ English Level တွေဆီကို တက်လှမ်းနိုင်အောင် ကူညီပေးမယ့်အတန်းဖြစ်ပြီး အင်္ဂလိပ်စာလို ရေးတဲ့၊ ပြောတဲ့အခါမှာ ကျင်လည်မှု Fluency နဲ့ တိကျမှန်ကန်မှု Accuracy (၂) မျိုးစလုံး တိုးတက်လာအောင် သင်ကြားပေးမှာပါ။ ရိုးရှင်းတဲ့ အင်္ဂလိပ်စာ အရေးအသားတွေကို အလွယ်တကူနားလည်လာပြီး နေ့စဉ်ဘဝ အကြောင်းအရာတွေ၊ စိတ်ကူးစိတ်သန်းတွေကို မှန်ကန်တဲ့ Phrase ၊ Expression တွေနဲ့ ပြောဆိုလာနိုင်မှာ ဖြစ်ပါတယ်။

အတန်းတစ်တန်းချင်းစီနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ပုံတစ်ပုံချင်းစီမှာ ဖော်ပြပေးထားပါတယ်။

🎓 Accurate English ရဲ့အားသာချက်များ

🔸 အတန်းအားလုံးကို တတ်မြောက်မှု 100% အာမခံချက်နဲ့ သင်ကြားပေးတာဖြစ်လို့ အတန်းတက်ပြီး (၂) ပတ်အတွင်း အဆင်မပြေပါက သင်တန်းကြေး 100% ပြန်လည်ပေးအပ်သွားမှာပါ။

🔸 Young Learner Teaching Experience ပြည့်ဝပြီးသား အတွေ့အကြုံရင့် B.A (English) / M.A (English) ဘွဲ့ရ Teacher တွေ နှင့် ကျွမ်းကျင် Teacher တွေက ကလေးတို့နဲ့ အကိုက်ညီဆုံး ခေတ်မီ ကျောင်းသားဗဟိုပြု သင်ကြားမှုစနစ် (Student-centered Approach) နဲ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ Fun Activity ၊ Group Work ၊ Pair Work တွေ စုံလင်စွာ ပါဝင်တဲ့အတွက် အတန်းတက်ဖို့ ပျင်းတာမျိုးတွေမဖြစ်ဘဲ ပျော်ရွှင်စွာ အာရုံစိုက် သင်ယူနိုင်မှာပါ။

🔸 မိဘများ ငွေကြေးဝန်မပိစေဖို့ သင်တန်းကြေး (၂) ကြိမ်ခွဲပြီး ပေးသွင်းနိုင်ပါတယ်။

🔸 Online Zoom Class နဲ့ သင်ကြားပေးတာဖြစ်လို့ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းတွေကို ကျွမ်းကျင် Teacher တွေနဲ့ မိဘတို့ မျက်စိအောက်မှာပဲ လုံခြုံစိတ်ချစွာ သင်ယူနိုင်ပါတယ်။

အသေးစိတ် စုံစမ်းမေးမြန်းဖို့နဲ့ အတန်းအပ်နှံဖို့ Page ရဲ့Chatbox (သို့မဟုတ်) ☎️ 09 250 405 975 ကို ဆက်သွယ်နိုင်ပါတယ်။
Chatbox မှာ
▫️ ကလေးအမည်
▫️ အသက်
▫️ ဖုန်းနံပါတ် ချန်ထားပေးပါကလည်း
အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးသွားပါမယ်နော်။
❤2
July 3, 2026 337 1