AA Info Desk: post #2087 — TG.ME

သံတွဲမြို့တစ်ဝိုက်အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ရက်ဆက်ဗုံးကြဲတိုက်ခိုက်

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်

အာရက္ခပြည်၊ သံတွဲမြို့ပေါ်ရှိ အမှတ် (၈) (က) ရပ်ကွက်ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်၊ ယနေ့ နံနက် (၆) နာရီ (၄၀) မိနစ်အချိန်ခန့်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ၎င်းရပ်ကွက်၌ နေထိုင်သည့် ဦးမင်းနောင် (၅၀ နှစ်) နှင့် သမီးဖြစ်သူ မချွန်းလဲ့ရွှေရည် (၁၄ နှစ်) တို့ သားအဖ နှစ်ဦးမှာ ၎င်းနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ထို့အပြင် ၎င်းရပ်ကွက်၌နေထိုင်သည့် အပြစ်မဲ့အရပ်သားပြည်သူများဖြစ်ကြသော ဦးဇေယျာမင်းလွှင် (၄၅ နှစ်)၊ မောင်ရွှေမိုးယံဇော် (၂ နှစ်) နှင့် ဒေါ်ဌေးဌေးမော် (၄၀ နှစ်) တို့ (၃) ဦးမှာ ဗုံးစထိမှန်မှုကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြပြီး လူနေအိမ် နှင့် အဆောက်အအုံ စုစုပေါင်း (၇) လုံးမှာလည်း ပျက်စီး ဆုံးရှုံးခဲ့ရသည်။

အလားတူ ယနေ့နံနက် (၆) နာရီ (၄၉) မိနစ်အချိန်ခန့်တွင်လည်း သံတွဲမြို့နယ်၊ မောင်ရွှေလေးကျေးရွာ အနီးဝန်းကျင်ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု တစ်ကြိမ်ပြုလုပ်ခဲ့သေးသည်။ ဤတိုက်ခိုက်မှုဖြစ်စဉ်အတွင်း၌လည်း သန့်ရှင်းရေးလုပ်သား ဝန်ထမ်း (၃) ဦးမှာ အသေးစားဒဏ်ရာများရရှိခဲ့ကြသည်။

(ဓာတ်ပုံ-၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်၊ နံနက် (၆) နာရီ (၄၀) မိနစ်အချိန်ခန့်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ သံတွဲမြို့ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် နေအိမ်များပျက်စီးမှု မှတ်တမ်း)

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
😢344🤬53❤23🤣18👍3🔥1
August 16, 2026 13K 33