Information of HRD Institute,FYBY-DYC: post #663 — TG.ME

(၈၁)နှစ်ပြည့် အမေစုမွေးနေ့မှာလေ

အမေစုစိတ်ဓါတ်ကို ကိုင်စွဲပြီး

ယုံကြည်ချက်တူ၊ဓမ္မဘက်မျက်နှာမူကြသူအချင်းချင်း

ခိုင်မာသည့် ညီညွတ်မှုတစ်ခုကို တည်ဆောက်ကြရင်

မကောင်းပေဘူးလားဗျာ။

တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းလို့ဆိုသူတွေ၊

တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ အပြင်

အမျိုးသားညီညွတ်ရေးအစိုးရနဲ့

အခြားဒေသန္တရတော်လှန်ရေးတပ်တွေ

ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ရေး

မူဝါဒတစ်ခုကို ချမှတ်လိုက်ရင်

အမေစု ကိုင်စွဲခဲ့တဲ့ “ပြည်သူသာ အဓိက” မူနဲ့လည်း

ကိုက်ညီမယ်ထင်ပါတယ်ဗျာ

“၁၉”ရက်နေ့ တရက်တည်း အားလုံးပါဝင်ပြီး

တစ်နှစ်ပတ်လုံး သဘောထားကွဲလိုက်၊

အချင်းချင်းဖမ်းလိုက်ဆီးလိုက်နဲ့

လူထုခေါင်းဆောင်အနေနဲ့

ဘယ်လိုပျော်ရွှင်နိုင်ပါ့မလဲ

တွေးမိတာလေးပါဗျာ

#ဂျေဆန်
❤7
June 19, 2026 274 1